spot_img

ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) ပွဲကြိုသုံးသပ်ချက်

ဘန်လေ – လီဗာပူးလ် (တနင်္ဂနွေည ၈း၃၀ နာရီ)
ဘန်လေက နောက်ဆုံး (၃)ပွဲဆက် သရေကစားခဲ့တယ်။ နောက်ဆုံး (၃)ပွဲမှာ အာ ဆင်နယ်၊ မန်ယူတို့လိုအသင်းတွေကိုလည်း ဒုက္ခပေးနိုင်ခဲ့တယ်။ Clean Sheet နှစ်ပွဲရခဲ့ ပြီး ခံစစ်ကစားပုံ မာကျောတယ်။ ခံစစ်ပိုင်းက Rhythm မိနေတဲ့အတွက် လီဗာပူးလ်ကို လည်း အခက်တွေ့အောင် လုပ်နိုင်လိမ့်မယ်။ ဂိုးပေးရရင်တောင် ထပ်မပေးရဖို့ပဲ ကစားရင်း တန်ပြန်တိုက်စစ်ကို ဦးတည်မှာဖြစ်လို့ လီဗာပူးလ် (ဝ-၁)လောက်နဲ့ပဲ ကပ်နိုင်မယ်။

နယူးကာဆယ် – အက်စတွန်ဗီလာ (တနင်္ဂနွေည ၈း၃၀ နာရီ)
နယူးကာဆယ်က နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲမှာ (၂)ပွဲနိုင်၊ (၂)ပွဲသရေရလဒ်နဲ့ Rhythm မှန်လာတယ်။ တိုက်စစ်ပိုင်းက ဂိုးတွေမှန်မှန်သွင်းလာပြီး ခံစစ်ကတော့ ပွဲတိုင်း လိုလို ဂိုးပေးနေရတုန်းပဲ။ ဒါပေမဲ့ ပေးဂိုးနည်းလာတာတွေ့ရတယ်။ အက်စတွန်ဗီလာက ခြေစွမ်းကောင်းပြီး၊ စုဖွဲ့မှုလည်း အားကောင်းတယ်။ ရလဒ်ပိုင်းလည်း မဆိုးပါဘူး။ နယူးကာ ဆယ် ဒီပွဲတော့ နိုင်ဖို့ခက်လိမ့်မယ်။ သရေလောက်ပဲဖြစ်မယ်။

myan789

စပါး – ဝုလ်ဗ် (တနင်္ဂနွေည ၈း၃၀ နာရီ)
စပါးအသင်းနည်းပြ အန်တိုနီယိုကွန်တီအတွက် စိန်ခေါ်မှုပါပဲ။ စပါးကို ရောက်လာပြီးကတည်းက အသင်းကို သိသိသာ သာ တိုးတက်လာစေတာမှန်ပေမဲ့ အရမ်းကျပ်တဲ့ပွဲတွေတော့ နည်းသေးတယ်။ လီဗာပူးလ်ကို သရေကစားနိုင်ခဲ့ပြီး ချယ်လ် ဆီးကိုတွေ့တိုင်း ရှုံးခဲ့တယ်။ ဝုလ်ဗ်ကလည်း ဥရောပဝင်ခွင့်တစ်နေရာ မျှော်လင့်လို့ရနေပြီး ဒီပွဲကိုသာ အနိုင်ရခဲ့ရင် ချန်ပီယံလိဂ် ဝင်ခွင့်တောင် ဆက်လက်အိပ်မက်နေလို့ရပါတယ်။ ခြေစွမ်းချင်းယှဉ်ရင် ဝုလ်ဗ်က ပိုဆွဲဆောင်မှုရှိသလို၊ ဂိုးရဖို့လည်း ပိုလွယ်တာ တွေ့ရတယ်။ ခံစစ်ပိုင်းမှာတော့ နှစ်သင်းစလုံး မာကျောပြီး အားကောင်းပါတယ်။ တစ်ဦးချင်းအမှားနည်းပြီး ပိုစနစ်ကျတာက ဝုလ်ဗ်ခံစစ်လို့ ပြောရမယ်။ ဒါပေမဲ့ ကစားရမှာက စပါးအသင်းရဲ့ကွင်းဖြစ်နေတဲ့အပြင် ကွန်တီရဲ့အသင်းအတွက် ဟာရီကိန်း လည်း ဂိုးတွေပြန်သွင်းပေးနေလို့ စပါး နိုင်ပွဲရနိုင်တယ်။

လက်စတာ – ဝက်စ်ဟမ်း (တနင်္ဂနွေည ၁၁း၀၀ နာရီ)
လက်စတာအသင်းရဲ့ ပွဲစဉ်ဇယားက စိတ်ပျက်စရာကောင်းလောက်အောင် ကျပ် တည်းလွန်းတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေကိုကြည့်ရင် မန်စီးတီး၊ လီဗာပူးလ်၊ စပါး၊ ဘရိုက်တန်၊ လီဗာပူးလ်ဆိုတဲ့ခရီးကို တော်တော်ခက်ခက်ခဲခဲ ဖြတ်သန်း ရမှာဖြစ်တယ်။ အခုလည်း ဝက်စ်ဟမ်းနဲ့ပွဲမှာ ရုန်းကန်ရဦးမှာပဲ။ ဒါပေမဲ့ အိမ်ကွင်းဖြစ်နေ လို့ သရေလောက်တော့ ကစားနိုင်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular