spot_img

လာလီဂါပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်

ဂီတာဖေး – မာယော့ကာ (မြန်မာစံတော်ချိန် ဧပြီလ ၂ ရက် ည ၆:၃၀ နာရီ)
တန်းဆင်းဇုန်ထဲက မာယော့ကာတို့ ရုန်းကန်နေပေမဲ့ ရလဒ်ပိုင်းကဆိုးသထက်ဆိုးလာနေတယ်။ အထူးသဖြင့် အဝေးကွင်းပွဲတွေမှာ မာယော့ကာရဲ့ ရုန်းကန်အားက ထိရောက်မှု လုံးဝမရှိသလောက်ဖြစ်နေတယ်။ ဂီတာဖေးကလည်း တန်းဆင်းဇုန် အန္တရာယ်ရှိနေတဲ့အသင်းပါ။ ဂီတာဖေးနဲ့ ဂိုးအများပဲကြိုက်တယ်။

လီဗန်တေး – ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် ဧပြီလ ၂ ရက် ည ၈:၄၅ နာရီ)
ဗီလာရီးယဲလ်ကတော့ ချန်ပီယံလိဂ်ဘက်ကို အာရုံပိုကျနေနိုင်တယ်။ အဝေးကွင်းနောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲစလုံးလည်း ရှုံးထားလို့ ဒီတစ်ပွဲလည်း ဇယားအောက်ဆုံးက အလွတ်ရုန်းနေတဲ့ အိမ်ရှင်လီဗန်တေးရဲ့ ခံကစားမှုအောက်မှာ ခက်ခက်ခဲခဲကစား ရဦးမှာသေချာနေတယ်။ အိမ်ကွင်းအားနဲ့ အမှတ်ရှာနေတဲ့ လီဗန်တေး အနည်းဆုံးသရေတော့ မျှော်လင့်နိုင်မှာပါ။ ဂိုးနည်းမယ်။

myan789

ဆယ်လ်တာဗီဂို – ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဧပြီလ ၂ ရက် ည ၁၁:၀၀ နာရီ)
ဘာစီလိုနာကို ရှုံးလိုက်ရပေမဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ ထိပ်ဆုံးမှ ဦးဆောင်နိုင်မှုကို သိပ်မထိခိုက်ခဲ့ဘူး။ ဒါပေမဲ့ အသင်းအနေနဲ့တော့ အသင်းလိုက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမျိုး ရှိသွားနိုင်တယ်။ ဒါကို အန်ဆယ်လော့တီ အချိန်မီပြန်ထိန်းနိုင်ဖို့လည်း ကြိုးစားလိမ့်မယ်။ နိုင်ငံတကာပွဲတွေဝင်လာတာကလည်း ရီးယဲလ်အတွက် ကုစားချိန်ရသွားသလိုဖြစ်နေတယ်။ ဒါကြောင့် အခုကစားမယ့် ဆယ်လ်တာဗီဂိုနဲ့ပွဲကို ရီးယဲလ်တို့ ဖိဖိစီးစီးက စားလာဖို့များနေတယ်။ ဒဏ်ရာရသူတွေ ပြန်ပါလာနိုင်တဲ့အနေအထားကလည်း ရီးယဲလ်ကို ပိုတောင့်တင်းလာစေနိုင်ပေမဲ့ တစ်ဖက်မှာ ဒီပွဲအပြီး ချယ်လ်ဆီးနဲ့ ချန်ပီယံလိဂ်ပွဲကစားရဖို့ ရှိနေလို့ ကစားသမားအင်အား အပြည့်အဝအသုံးပြုပါ့မလား ဆိုတာတော့ စောင့်ကြည့်ရဖို့ရှိနေတယ်။ ဒါ့အပြင် ဆယ်လ်တာဗီဂိုကလည်း အိမ်ကွင်းရုန်းအား ကောင်းတဲ့အသင်းဖြစ်နေလို့ ရီးယဲလ်တို့ နိုင်ရင်တောင် ပွတ်ကာသီကာပဲဖြစ်လိမ့်မယ်။

အက်သလက်တီကို – အလာဗတ်စ် (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် နံနက် ၁:၃၀ နာရီ)
အက်သလက်တီကိုလည်း ပုံမှန်အနေအထားမျိုးပြန်ရစပြုနေပါပြီ။ လာလီဂါမှာ (၅)ပွဲဆက်အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာသေချာအောင် ကြိုးစားနေတာ တွေ့ရတယ်။ ဒီပွဲ အပြီးမန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲနွှဲရဖို့ရှိနေပေမဲ့ အက်သလက်တီကိုတို့ အကောင်းဆုံးအားထုတ်လာဦးမှာပါ။ အက်သလက်တီကို ဂိုးနည်းနည်းလား၊ များများလားပဲ စောင့်ကြည့်ရလိမ့်မယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular