spot_img

ဂျာမန်ဘွန်ဒစ်လီဂါနှင့် ပြင်သစ်လီဂူးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၁၂)

အူန်ယွန်းဘာလင် – မိုချန်ဂလာဘတ် (တနင်္ဂနွေည ၉း၀၀ နာရီ)

ရှော်လ်ကေး – ဖရိုင်းဘတ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)

ကိုလုံး – ဟော်ဖန်ဟင်မ် (တနင်္လာနံနက် ၁း၀၀ နာရီ)

myan789

■  ပြင်သစ်လီဂူးပွဲစဉ် (၁၃)

အော်ဇေး – အာယက်စီယို (တနင်္ဂနွေညနေ ၆း၃၀ နာရီ)

တန်းဆင်းဇုန်ထဲက အသင်း(၂)သင်းရဲ့ အားပြိုင်မှုပါ။ လက်ရှိအချိန်မှာ အာယက်စီယိုက ရလဒ်ပိုင်းပိုကောင်းပေမဲ့ အော်ဇေးကအိမ်ကွင်းမာပါတယ်။ သရေကျဖို့များတဲ့ပွဲပါပဲ။

မိုနာကို – အန်ဂါစ်  (တနင်္ဂနွေည ၈း၃၀ နာရီ)

နောက်ဆုံးပွဲစဉ်မှာ ရှုံးပွဲတွေ့ခဲ့တဲ့ မိုနာကိုတို့ အိမ်ကွင်းမှာ  ပြန်ပေါက်ကွဲပြဖို့ရှိနေပါတယ်။ အန်ဂါစ်က ဇယားအောက်ဆုံးမှာ ရှုံးပွဲတွေဆက်နေတဲ့အသင်းပါ။ မိုနာကို နိုင်ပွဲပြန်ယူမယ်။

နန့်စ် – ကလယ်မွန့်  (တနင်္ဂနွေည ၈း၃၀ နာရီ)

နန့်စ်ရဲ့အိမ်ကွင်းရုန်းကန်အားကို စောင့်ကြည့်ရမယ့်ပွဲပါ။ ကလယ်မွန့် သရေလောက်ပဲ မျှော်လင့်နိုင်မယ်ထင်တယ်။

ဘရက်စ် – Reims  (တနင်္ဂနွေည ၈း၃၀ နာရီ)

Reims က သရေပွဲတွေနဲ့အမှတ်တွေဆက်တိုက်ယူနေ ပြီး ကစားပုံမာကျောပါတယ်။ ဘရက်စ်က အိမ်ကွင်းမှာ အမှတ်ရ ဖို့သေချာပေါက်ပြင်ဆင်လာမှာပါ။ သရေကျဖို့များတဲ့ပွဲပါပဲ။

ရန်းစ် – မောင့်ပယ်လီယာ  (တနင်္ဂနွေည ၈း၃၀ နာရီ)

PSG နဲ့အတူ ပြိုင်ပွဲရဲ့လက်ရှိ Form အကောင်းဆုံးဖြစ် နေတဲ့ ရန်းစ်ရဲ့အိမ်ကွင်းအားကို မောင့်ပယ်လီယာတို့ ယှဉ်ကစား နိုင်ဖို့မရှိပါဘူး။ ရန်းစ်ပဲနိုင်ပွဲဆက်ပါလိမ့်မယ်။

လော်ရီယန့် – နိုက်စ်  (တနင်္ဂနွေည ၁၀း၃၅ နာရီ)

လော်ရီယန့်ကလည်း ရလဒ်ကောင်းတွေဆက်တိုက်ယူပြီး အမှတ်ပေးဇယား တတိယနေရာအထိရောက်လာတယ်။ အခု လည်း အိမ်ကွင်းမှာ နိုက်စ်ကို အနိုင်ယူဦးမှာပါ။

လိုင်ယွန် – လိုင်လီ (တနင်္လာနံနက် ၂း၁၅ နာရီ)

လိုင်လီကနိုင်ပွဲဆက်ပြီး ယုံကြည်မှုမြင့်နေသလို အမှတ် ပေးဇယားထိပ်နားကိုလည်း တဖြည်းဖြည်းတက်လှမ်းလာတယ်။ လိုင်ယွန်ကခြေစွမ်းမဆိုးပေမဲ့ ရလဒ်ပိုင်းမတည်ငြိမ်ပါဘူး။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ လိုင်ယွန်အမှတ်ရအောင်ကစားမှာပါ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular