spot_img

စပိန်လာလီဂါပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက်

အိုဆာဆူနာ – ဗယ်လာဒိုလစ် (တနင်္ဂနွေညနေ ၆း၃၀ နာရီ)

အိုဆာဆူနာတိုက်စစ် ခုနောက်ပိုင်း နည်းနည်းပြန်လျော့ နေသလိုပါပဲ။ ဗယ်လယ်ဒိုလစ်ကတော့ ကစားပုံတက်လာတဲ့အ ပြင် ကွင်းမရွေးမာမာကျောကျောတုံ့ပြန်လေ့ရှိတယ်။ ဒါ့ပြင် အစဉ် အလာမှာလည် အိုဆာဆူနာကွင်းမှာ ထိန်းစားနိုင်လေ့ရှိလို့ ဗယ် လာဒိုလစ်နဲ့ ဂိုးအနည်းပဲရွေးထားချင်မိတယ်။

ရီးယဲလ်မက်ဒရစ် – ဟီရိုနာ (တနင်္ဂနွေည ၈း၄၅ နာရီ)

ရီးယဲလ်မက်ဒရစ်ကတော့ ကတ်တလန်အခြေစိုက်အသင်း ငယ်လေးကို ရင်ဆိုင်ရမှာဖြစ်တယ်။ ဒီနှစ်သင်းနောက်ဆုံးတွေ့ဆုံ ခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ဟီရိုနာဟာ ရီးယဲလ်ကို ဘာနေဗျူးမှာ (၂-၁)ဂိုးနဲ့အနိုင်ကစားထားဖူးတယ်။ ဒါပေမဲ့လက်ရှိမှာတော့ ဒီနှစ်သင်းအကြားကွာဟမှုက ကြီးမားလွန်းပါတယ်။ ရီးယဲလ်က လက်ရှိအချိန်မှာ တားမရ၊ ဆီးမရလိုဖြစ်နေပြီး ဟီရိုနာကတော့ တန်းတက်အသင်းပီပီ လာလီဂါအဆင့်မီအောင် မနည်းကြိုးစား နေရတယ်။ လာလီဂါမှာနိုင်ပွဲရဖို့ အတော်လေးရုန်းကန်နေရပြီး အဝေးကွင်းကစားပုံကလည်း အားနည်းလွန်းတယ်။ ဒီလိုအခြေအ နေနဲ့တော့ ဟီရိုနာအတွက် ဘာနေဗျူးမှာရီးယဲလ်ကို ခြိမ်းခြောက် နိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ ကြားရက်ချန်ပီယံလိဂ် ဒီရာသီ ရဲ့ပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့တဲ့ ရီးယဲလ်တို့အခုပွဲကို သေချာ ပေါက်အနိုင်ယူမှာပါ။ ဂိုးလည်းများမယ်။

myan789

ဘီလ်ဘာအို – ဗီလာရီးယဲလ် (တနင်္လာနံနက် ၀၀း၀၀ နာရီ)

ဥရောပပွဲတွေပြန်ဝင်ချိန်ဆိုရင် ဗီလာရီးယဲလ်ကို လာလီ ဂါဘက်မှာ သိပ်မျှော်လင့်ထားလို့မရတော့ဘူး။ ဗီလာရီးယဲလ်ရဲ့ အဝေးကွင်းတိုက်စစ်အားလျော့သွားပုံနဲ့ဆို ဘီလ်ဘာအိုကိုခံစစ် နဲ့ပဲ အားပြုရင်ဆိုင်သွားဦးမှာသေချာတယ်။ ဒါကြောင့် ဒီပွဲရဲ့ အ ဓိက အဖြေဖြစ်လာနိုင်တာက ဘီလ်ဘာအိုတို့ အိမ်ကွင်းမှာ တိုက် စစ်အစွမ်းဘယ်လောက်ပြနိုင်မလဲဆိုတာပါပဲ။ ဒါ့ပြင် ဒီဘက် နောက်ပိုင်းထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း ဘီလ်ဘာအိုက အသာရထားပါတယ်။ ဘီလ်ဘာအိုနဲ့ ဂိုးအနည်းပဲကြိုက်တယ်။

ဆိုစီဒက် – ဘက်တစ်  (တနင်္လာနံနက် ၂း၃၀ နာရီ)

အစဉ်အလာတွေအရတော့ အိမ်ကွင်းမှာ ဘက်တစ်နဲ့ တွေ့တိုင်း ဆိုစီဒက်ခက်ခက်ခဲခဲကစားရလေ့ရှိတယ်။ ဘက်တစ် ကလည်း ဒီရာသီအဝေးကွင်းပွဲတွေမှာ ခံစစ်အားပြုပြီး အမှတ် ရဖို့ကြိုးစားနေတဲ့အခြေအနေမျိုးပါပဲ။ လက်ရှိအချိန်မှာ နှစ်သင်း စလုံးနောက်ဆုံးကစားထားတဲ့ပွဲတွေမှာ ရှုံးပွဲတွေ့ထားတာချင်း လည်းတူ၊ ယူရိုပါလိဂ်နဲ့အာရုံများနေကြတာချင်းလည်း တူနေ ချိန်မှာ ဒီပွဲကို နှစ်သင်းစလုံး ထိန်းထိန်းသိမ်းသိမ်းပဲ ကစားသွား ကြဖို့များနေပါတယ်။ ဂိုးအနည်း သရေပွဲပါပဲ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular