■ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၁၅)
မိန့်ဇ် – ဖရန့်ဖတ် (တနင်္ဂနွေည ၉း၀၀ နာရီ)
ဖရန့်ဖတ်အသင်းက ဒီရာသီ အဝေးကွင်း(၆)ပွဲမှာ တစ်ပွဲ သာ အရေးနိမ့်ထားတဲ့အသင်းပါ။ ဖရန့်ဖတ်အသင်း ရှုံးဖို့တော့ မရှိပါဘူး။
ဖရိုင်းဘတ် – အူန်ယွန်းဘာလင် (တနင်္ဂနွေည ၁၁း၀၀ နာရီ)
ဒီရာသီမှာ မထင်မှတ်တာတွေ လုပ်ပြထားနိုင်တဲ့အသင်း (၂)သင်း တွေ့ဆုံကြတာပါ။ ဒါပေမဲ့ အူန်ယွန်းဘာလင်က အ ဝေးကွင်း(၂)ပွဲဆက်အပါအဝင် နောက်ဆုံး(၄)ပွဲမှာ (၃)ပွဲအထိ အရေးနိမ့်ထားတာကို ထည့်တွက်ရမှာပါ။ အိမ်ကွင်း(၅)ပွဲဆက် ရှုံးပွဲမရှိကစားထားတဲ့ ဖရိုင်းဘတ်အနေနဲ့ (၄)ပွဲအထိ Clean Sheet ရယူထားနိုင်တာကိုလည်း တွေ့ရတယ်။ ဖရိုင်းဘတ်ပဲ နိုင်ဖို့များတယ်။
■ ပြင်သစ်လီဂူးပွဲစဉ် (၁၅) ပွဲကြိုသုံးသပ်ချက်
PSG – အော်ဇေး (တနင်္ဂနွေညနေ ၆း၃၀ နာရီ)
လိဂ်ပွဲတွေအနားမယူမီမှာ PSG တို့အိမ်ကွင်းနိုင်ပွဲနဲ့အတူ ယုံကြည်မှုတည်ဆောက်ဖို့ကြိုးစားပါလိမ့်မယ်။ အော်ဇေးက ခြေ မငြိမ်မလို လက်ရှိမှာလည်း ဇယားအောက်နားရပ်တည်နေတဲ့အ သင်းပါ။ ပါရီမြေမှာ PSG တို့ အနိုင်သေချာပါတယ်။
နန့်စ် – အာယက်စီယို (တနင်္ဂနွေည ၈း၃၀ နာရီ)
တန်းဆင်းဇုန်နဲ့ ဝေးရာကိုရောက်ဖို့ အိမ်ကွင်းမှာ နန့်စ်တို့ ရုန်းကန်လာပါလိမ့်မယ်။ အာယက်စီယိုက အဝေးကွင်းခြေစွမ်း အားနည်းတဲ့အသင်းပါ။ နန့်စ်ကိုပဲ ရွေးထားချင်တယ်။
လိုင်လီ – အန်ဂါစ် (တနင်္ဂနွေည ၈း၃၀ နာရီ)
အိမ်ကွင်းမှာကစားရတဲ့ ဒီပွဲမျိုးကို လိုင်လီလက်လွတ်ခံမှာ မဟုတ်ပါဘူး။ လိုင်လီပဲ သေချာပေါက်နိုင်ပွဲယူပါလိမ့်မယ်။
မောင့်ပယ်လီယာ – Reims (တနင်္ဂနွေည ၈း၃၀ နာရီ)
အခြေအနေဆိုးတွေ၊ ရလဒ်ဆိုးတွေကိုရပ်တန့်ဖို့ မောင့်ပယ် လီယာ မဖြစ်မနေကြိုးစားလာပါလိမ့်မယ်။ Reims ကကစားပုံရော၊ ရလဒ်ပိုင်းပါ ကောင်းမွန်နေတဲ့အသင်းပါ။ Reims ပဲရွေးချင်တယ်။
ဘရက်စ် – ထရွိုင်စ် (တနင်္ဂနွေည ၈း၃၀ နာရီ)
နိုင်ပွဲပျောက်နေတာကြာပြီဖြစ်တဲ့ ထရွိုင်စ်တို့ တန်းဆင်းဇုန် ထဲက ဘရက်စ်နဲ့အတွေ့မှာ နိုင်ပွဲပြန်ရှာနိုင်မလား စောင့်ကြည့် ရပါမယ်။ ကစားပုံပိုကောင်းတဲ့ ထရွိုင်စ်တို့အနိမ့်ဆုံးသရေပါပဲ။
စထရာဘိုး – လော်ရီယန့် (တနင်္ဂနွေည ၁၀း၃၅ နာရီ)
တန်းဆင်းဇုန်ထဲက စထရာဘိုးရဲ့ ရုန်းအားကိုစောင့်ကြည့်ရ မယ့်ပွဲပါပဲ။ လော်ရီယန့်က (၄)ပွဲဆက်နိုင်ပွဲပျောက်ခဲ့လို့ ထိပ်ဆုံး (၄)သင်းနေရာကဆင်းပေးခဲ့ရတဲ့အသင်းပါ။ သရေကျဖို့များတယ်။
မိုနာကို – မာဆေးလ် (တနင်္လာနံနက် ၂း၁၅ နာရီ)
နောက်ဆုံး (၂)ပွဲဆက် ရှုံးပွဲမရှိခဲ့ပေမဲ့ မာဆေးလ်ရဲ့ စွမ်း ဆောင်ရည်အပေါ် ရာနှုန်းပြည့်ယုံကြည်မှုရဖို့ ပြန်လည်စောင့် ကြည့်ရဦးမှာပါ။ ဒီတစ်ပတ်ပွဲစဉ်မှာရင်ဆိုင်ရမယ့်မိုနာကိုကလည်း လက်ရှိမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် အပြိုင်ဖြစ်လာနိုင်တဲ့ အသင်းဖြစ်တာကြောင့် အိမ်ကွင်းမှာ အမှားအယွင်းအဖြစ်ခံ မယ်မထင်ပါဘူး။ မာဆေးလ်တို့ အဝေးကွင်းမှာ အမှတ်ရဖို့ကို သာ အဓိကထားပြုလာနိုင်ပြီး လက်ရှိအခြေအနေအရတော့ တောင့်ခံဖို့ခက်ခဲမှာ သေချာပါတယ်။ အိမ်ရှင်မိုနာကိုတို့ ကပ် နိုင်သွားဖို့ရှိနေတယ်။