spot_img

လာလီဂါ ပွဲစဉ်-၂၂ ပွဲကြိုသုံးသပ်ချက်

◘ အယ်လ်ချီ – အက်စ်ပန်ညို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၉ ရက် ည ရး၃၀ နာရီ)

နိုင်ပွဲရသွားပြီဖြစ်တဲ့ အယ်လ်ချီကတော့ သူတို့ရဲ့အိမ်ကွင်းကစားအားကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားဦးမှာပါပဲ။ ဗီလာရီးယဲလ်ကို (၃)ဂိုးသွင်းပြီး အနိုင်ရခဲ့တဲ့ တိုက်စစ်အားနဲ့ဆို အက်စ်ပန်ညိုခံစစ်ကိုလည်း ကောင်းကောင်း ဒုက္ခပေးနိုင်ဦးမှာ သေချာပါတယ်။ အယ်လ်ချီနဲ့ ဂိုးအများပဲ ရွေးထားရမယ်ထင်တယ်။

myan789

◘ ဗယ်လက်ကာနို – ဆီဗီလာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၉ ရက် ည ၉း၄၅ နာရီ)

ဆီဗီလာတို့ တန်းဆင်းဇုန်ထဲကလွတ်လာပေမဲ့ အဝေးကွင်းကစားပုံ၊ ကစားအားက စိတ်မချရသေးပါဘူး။ ဗယ်လက်ကာနိုကတော့ ခြေမှန်နေပြီး ကွင်းမရွေးဘဲ ကစားအားကောင်းကောင်းနဲ့ ကစားနေတဲ့အသင်းဖြစ်လို့ ဆီဗီလာအတွက် ခက်ခဲဦးမှာပါ။ ဗယ်လက်ကာနိုနဲ့ ဂိုးအနည်းပဲရွေးမယ်။

◘ အက်သလက်တီကို – ဘီလ်ဘာအို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ဝဝးဝ၀ နာရီ)

အက်သလက်တိီကိုခြေစွမ်းက မှန်းဆရခက်သလို အစဉ်အလာအရလည်း ဘီလ်ဘာအိုကို မနည်းယှဉ်ကစားရလေ့ရှိတယ်။ အခုတလော ဘီလ်ဘာအို ပုံစံကောင်းပြန်ရနေပြီး တိုက်စစ်ပိုင်းကလည်း ကစားပုံပြန်အားကောင်းလာလို့ အက်သလက်တီကိုအ တွက် စိုးရိမ်စရာဖြစ်နေပြန်တယ်။ အက်သလက်တီကိုရဲ့အိမ်ကွင်းခြေစွမ်းက အတက်အကျမြန်သလို ခံစစ်ပိုင်းကလည်း မာကျောမှုအားနည်းနေတာက ဘီလ်ဘာအိုအတွက် အခွင့်အရေးပါပဲ။ ဘီလ်ဘာအိုနဲ့ ဂိုးအနည်းပဲ ရွေးထားတာကောင်းမယ်။

◘ ဘာစီလိုနာ – ကာဒစ်ဇ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၂း၃၀ နာရီ)

နူးကမ့်မှာကစားရမှာဆိုတော့ ဘာစီလိုနာရဲ့ပွဲလို့ပဲ ထင်စရာကောင်းနေတယ်။ ကာဒစ်ဇ်ကလည်း ဒီရာသီ ဇယားအောက်ခြေမှာ ရုန်းကန်နေရတဲ့အသင်းဖြစ်ပြီး အခုမှ အဆင့် (၁၆)ရောက်လာပေမဲ့ တန်းဆင်းဇုန်ထဲက အသင်းနဲ့ (၂)မှတ်သာ ကွာဟနေတယ်။ နောက်ပြီး ကာဒစ်ဇ်ရဲ့ ဒီရာသီအဝေးကွင်းကစားပုံကလည်း အားရစရာမရှိဘဲ ခံစစ်ပိုင်းကလည်း အားနည်းချက်များနေတာ တွေ့ရတယ်။ ဒါပေမဲ့ နောက်ဆုံး (၂)ရာသီဆက် ဘာစီလိုနာရဲ့ နူးကမ့်ကွင်းမှာ ရှုံးပွဲမတွေ့အောင် ခံစစ်ပိတ်ဆို့ကစားပြထားတဲ့ ကာဒစ်ဇ်တို့ အခုပွဲမှာလည်း ချန်ပီယံလောင်း ဘာစီလိုနာကို ဘယ်လိုအခက်တွေ့စေဦးမလဲ စောင့်ကြည့်ရမှာပါ။ ဘာစီလိုနာက ဒီပွဲကို မန်ယူအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ် (၂)ပွဲအကြား ယှဉ်ပြိုင်ရမှာဖြစ်လို့ အခုပွဲကိုလည်း အားကုန်ထုတ်နိုင်ဖို့ခက်ပါလိမ့်မယ်။ အိမ်ကွင်းဆိုပေမဲ့ ဘာစီလိုနာနိုင်ရင်တောင် ဂိုးမပြတ်ပါဘူး။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular