spot_img

လီဗာပူးလ်အသင်းကို ရောင်းထုတ်မည်မဟုတ်ဟု ဂျွန်ဟင်နရီ အတည်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံလိုသူများနှင့် ဆွေးနွေးနေခြင်းသာရှိသည်ဟု ပြောကြား

လီဗာပူးလ်အသင်းကို ပိုင်ဆိုင်ထားသော Fenway Sports Group (FSG) ၏ ပိုင်ရှင်ဖြစ်သူ ဂျွန်ဟင်နရီက မိမိ တို့အနေဖြင့် လီဗာပူးလ်အသင်းကို ရောင်းထုတ်သွားမည် မဟုတ်ကြောင်း Boston Sports Journal နှင့် ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် အတည်ပြုပြောကြားခဲ့သည်။

FSG သည် မန်ယူအသင်းနည်းတူ လီဗာပူးလ်အသင်း ကို ရောင်းထုတ်ရန် စီစဉ်နေပြီး (၃)လကြာ အရောင်းစာရင်း တင်ထားသော်လည်း ဝယ်ယူလိုသည့် ကမ်းလှမ်းမှုမရှိခဲ့ ကြောင်း ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက သတင်းထွက်ခဲ့ ဖူးသည်။ ယခုအခါ ဂျွန်ဟင်နရီက အသင်းတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသူများနှင့် ဆွေးနွေးခြင်းသာရှိပြီး ရောင်းထုတ်ရန်အ စီအစဉ်မရှိကြောင်း ဖြေရှင်းခဲ့ခြင်းဖြစ်သည်။ FSG သည် လီဗာပူးလ်အသင်းကို ၂၀၁၀ ခုနှစ်တွင် ဝယ်ယူခဲ့ပြီးနောက် ပိုမိုအင်အားကြီးမားသည့်အသင်းအဖြစ် တည်ဆောက်ကာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၎င်းင်းတို့လက်ထက်တွင် ပထမ ဆုံးအကြိမ် ရယူနိုင်ခဲ့သော်လည်း ယခုနောက်ပိုင်း၌ ကစားသ မားသစ်ခေါ်ယူမှုအတွက် ငွေကြေးသုံးစွဲမှု နည်းပါးခြင်းကြောင့် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခုရာသီတွင် ရလဒ်များလည်း ကျဆင်းခဲ့သည့်အတွက် ဝေဖန်မှုများ ပိုမိုမြင့် တက်လာချိန်၌ အသင်းအား ရောင်းချမည့်သတင်း ထွက်ပေါ် လာခဲ့ခြင်းလည်းဖြစ်သည်။ 

myan789

Boston Sports Journal က လီဗာပူးလ်အသင်းအား ရောင်းချမည်လားဟု မေးမြန်းခဲ့ရာ ဂျွန်ဟင်နရီက No ဟု ဖြေ ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများနှင့် ဆွေးနွေး နေသလားဟု မေးမြန်း ခဲ့ရာ Yes ဟု ဖြေခဲ့သည်။ တစ်ခုခုဖြစ်လာနိုင်သလားဟု မေး မြန်းမှုကို ယုံကြည်ကြောင်း၊ သို့သော် ရောင်းထုတ်မှုဖြစ်လာ မည်မဟုတ်ကြောင်း ဖြေကြားခဲ့သည်။ လီဗာပူးလ်အသင်း သည် အင်္ဂါနေ့(ယနေ့)တွင် ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ် အရေးကြီးပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ ဂျွန်ဟင် နရီက ချိန်သားကိုက်ပြောကြားလိုက်ခြင်းဖြစ်နိုင်ကြောင်း သုံး သပ်မှုများလည်း ရှိခဲ့သည်။ ဂျွန်ဟင်နရီသည် ကွင်းတိုးချဲ့တည် ဆောက်ခြင်း၊ ကစားသမားသစ်ခေါ်ယူခြင်းများအတွက် ငွေ ကြေးပိုမိုသုံးစွဲနိုင်ရန် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသူများကို လို လားနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular