spot_img

ပရီးမီးယားလိဂ်နှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

မန်ယူ နှင့် ချယ်လ်ဆီး (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

မန်ချက်စတာယူနိုက်တက်က ဒီပွဲမှာ ချယ်လ်ဆီးကို သရေကစားနိုင်ရင်တောင် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာသွားပြီဖြစ်ပြီး ရှုံးရင်လည်း နောက်ဆုံးပွဲမှာ အားသာနေတုန်းပဲ။ ဒါပေမဲ့ သေချာတာကိုပဲ တန်ဟက်ဂ်လုပ်ဖို့ စဉ်းစားမှာပါ။ ဒီပွဲက အိမ်ကွင်းပွဲစဉ်ဖြစ်ပြီး နောက်ဆုံးအချိန်အထိ ရင်တမမဖြစ်နေတာမျိုးကို ဖူလ်ဟမ်နဲ့ပွဲမှာ မန်ယူဖြစ်ချင်မှာမဟုတ်ဘူး။ ချယ်လ်ဆီးက အားကောင်းတဲ့အချိန်ဆိုရင် ဒီပွဲက ဘာမဆိုဖြစ်သွားနိုင်တဲ့ အနေအထားဆိုပေမယ့် စိတ်ဓာတ်၊ ခြေစွမ်း၊ စုဖွဲ့မှု ဘာတစ်ခုမှ အားရစရာမရှိဘူး။ ချယ်လ်ဆီးမှာ အားကောင်းတာက တစ်ဦးချင်းကောင်းတဲ့ ကစားသမားတွေရှိနေတာပဲ ရှိတယ်။ မန်ချက်စတာယူနိုက်တက်အသင်းပဲ အိမ်ကွင်းမှာ အနိုင်ယူသွားလိမ့်မယ်။ 

myan789

မာယော့ကာ နှင့် ဗလင်စီယာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂းဝ၀ နာရီ)

မာယော့ကာရဲ့ အိမ်ကွင်းမာကျောမှုကို တန်းဆင်းအန္တရာယ်ကရုန်းထွက်နေတဲ့ ဗလင်စီယာတို့ကျော်ဖြတ်နိုင်မလား စောင့်ကြည့်ရတော့မယ်။ ဗလင်စီယာနဲ့ ဂိုးအများပဲရွေးမယ်။

အိုဆာဆူနာ နှင့် ဘီလ်ဘာအို (မြန်မာစံတော်ချိန် သောကြာနံနက် ၂းဝ၀ နာရီ)

အနီးစပ်ဆုံးအဆင့် (၇)နေရာကို အပြိုင်လုနေရတဲ့ ဒီနှစ်သင်းရဲ့ ပွဲကလည်း ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်တယ်။ ခြေစွမ်းချင်းလည်းမကွာကြဘူး။ ဒါပေမဲ့ ဘီလ်ဘာအိုအနေနဲ့ အိုဆာဆူနာကို စပိန်ဘုရင့်ဖလားအတွက်ပြန်ပေးဆပ်လိုမှုက ဒီပွဲမှာအဓိက စကားပြောပါလိမ့်မယ်။ ဘီလ်ဘာအိုနဲ့ ဂိုးအနည်းပဲကြိုက်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular