spot_img

၂၀၂၁ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ချယ်လ်ဆီးအား ရှုံးနိမ့်ခဲ့သည့် ခါးသီးမှုကို စိတ်ခွန်အားအဖြစ် အသုံးချကာ အင်တာမီလန်အသင်းကို အနိုင်ရရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ဝေါ်လ်ကာ ပြောကြား

မန်စီးတီးနောက်ခံလူ ဝေါ်လ်ကာ က ၂၀၂၁ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့သည့် ခါးသီးမှုကို စိတ်ခွန်အားအဖြစ် အသုံးချကာ ယခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အင်တာမီလန်အသင်းကို အနိုင်ရရန် အစွမ်းကုန်ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ၂၀၂၁ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပရီးမီးယားလိဂ်ပြိုင်ဘက် ချယ်လ်ဆီးအသင်းကို (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ ပြီး ချန်ပီယံဆုရယူနိုင်မည့်အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။ ယနေ့ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် မန်စီးတီးအသင်းကအနိုင်ရရန် အပြတ်အသတ်ရေပန်းစားနေပြီး မန်စီးတီးနောက်ခံလူ ဝေါ်လ်ကာကလည်း မိမိတို့အနေဖြင့် ချန်ပီယံလိဂ်ဖလားကို ရယူရန် အကောင်းဆုံးဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

myan789

ဝေါ်လ်ကာက “ကျွန်တော်တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရောက်နေပါပြီ။ ကွင်းထဲကိုဝင်လိုက်တာနဲ့ ချန်ပီယံလိဂ်သီချင်းသံကို ကြားရမယ်။ ပြီးတော့ ဖလားကိုလည်း မြင်ရမယ်။ အဲဒီအချိန်မှာမှ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တကယ်ကစားရတော့မှာပါလားလို့ နားလည်နိုင်ပါတယ်။ အခုတော့ ကျွန်တော်တို့ အဲဒီအခွင့်အရေးကို ထပ်ရတော့မှာပါ။ ကျွန်တော်တို့ အရင်က ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားခဲ့တာကို ခင်ဗျားတို့သိပြီးသားပါ။ ကြီးကျယ် ခမ်းနားတဲ့အသင်းတွေအနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ စတက်တဲ့နှစ်မှာပဲ ရတာမျိုး ရှိတယ်လို့ ကျွန်တော် မထင်ပါဘူး။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်တဲ့အတွေ့အကြုံမျိုး ရှိဖို့လိုပါတယ်”ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဝေါ်လ်ကာ ၂၀၂၁ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီးအသင်းမှ အင်္ဂလန်အသင်းဖော်များဖြစ်သည့် ဘင်ချီဝဲလ်၊ မေဆန်မောင့်နှင့် ရီးစ်ဂျိမ်းစ်တို့အား ၎င်းတို့အတွက် ဂုဏ်ယူကြောင်း ပြောကြားရသည်မှာလည်း အလွန်ခက်ခဲကြောင်း ဝန်ခံပြောကြားခဲ့သည်။  “ချန်ပီယံလိဂ်ဖလားနဲ့ ချယ်လ်ဆီးကစားသမားတွေ အောင်ပွဲခံနေတာကို မြင်ရတာ ခက်ခဲပါတယ်။ ပြီးတော့ လက်ရွေးစင်အသင်းဖော်တွေကို သူတို့ရဲ့အောင်ပွဲအတွက် ဂုဏ်ယူကြောင်း ပြောရတာကလည်း ကျွန်တော့်အတွက် အရမ်းကို ခက်ခဲပါတယ်။ ဒါပေမဲ့ ဒါက ဘောလုံးသမားတွေ ရင်ဆိုင်ရတဲ့ဘဝဖြစ်ပြီး အမြဲတမ်းအဆင်ပြေချောမွေ့တာ မရှိပါဘူး”ဟု ဝေါ်လ်ကာက ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းအနေဖြင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အင်တာမီလန်အသင်းကို အနိုင်ရပါက တစ်ရာသီအတွင်း အဓိကဖလား ၃ လုံး ရရှိမည်ဖြစ်ပြီး ၁၉၉၉ ခုနှစ်က မန်ယူအသင်း တင်ရှိထားသည့် စံချိန်ကိုလိုက်မီမည်ဖြစ်သည်။ ယင်းအတွက် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အင်တာမီလန်အသင်းကို အနိုင်ကစားရန် စိတ်အားထက်သန်နေကြောင်းလည်း ဝေါ်လ်ကာက ပြောကြားခဲ့သည်။ 

ဝေါ်လ်ကာက “မန်ယူအသင်းရဲ့ ၁၉၉၉ ဖလားသုံးလုံးအောင်မြင်မှုက ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးတွေထဲက တစ်ခုအဖြစ် ရှိနေပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကျွန်တော်တို့နဲ့ လီဗာပူးလ်က အောင်မြင်မှုတွေ အများကြီးရခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ မန်ယူအသင်းလို အောင်မြင်မှုမျိုး မရဖူးသေးပါဘူး။ ချန်ပီယံလိဂ်ဆိုရင် ကျွန်တော်တို့ တစ်ခါမှ မရဖူးသေးဘူး။ ဒီနှစ်မှာတော့ ကျွန်တော့်တို့အနေနဲ့ အဲဒီအခွင့်အရေးကို ရနေပါပြီ”ဟု ပြောကြားခဲ့သည်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular