spot_img

မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးပစ်မှတ် တိုက်စစ်မှူးထံသို့ အပြောင်းအရွှေ့ အကြံပြု မက်ဆေ့ခ်ျ ပေးသွားတဲ့ ကူလီဘာလီ

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့တဲ့ နာပိုလီ အသင်းဟာ နည်းပြဟောင်း လူစီယာနို စပယ်လက်တီ ရာထူးက နှုတ်ထွက်သွားပြီးတဲ့နောက် လက်ရှိမှာ ရိုးမား နည်းပြဟောင်း ရူဒီ ဂါစီယာကို နည်းပြသစ် အဖြစ် ခန့်အပ်ထားကာ ၊ အဓိက ကစားသမားတွေကိုလည်း ဒီနွေတတွင်းမှာ လက်မလွှတ်ရဖို့ အစွမ်းကုန် ကြိုးစားနေပါတယ် ။

ခံစစ်က တောင်ကိုးရီးယား ကြယ်ပွင့် ကင်မင်ဂျေကို ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်သို့ လက်လွှတ်ရဖို့ လက်တကမ်း အလို ရောက်လာပြီ ဖြစ်လို့ နာပိုလီဖက်က အထောင်တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကိုတော့ အတတ်နိုင်ဆုံး ထိန်းသိမ်းမှာ သေချာပါတယ် ။

myan789

အသက် ၂၄နှစ် အရွယ် ယင်းနိုင်ဂျီးရီးယားလက်ရွေးစင် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စီးရီးအေ သွင်းဂိုး ၂၆ဂိုးနဲ့ ရွှေဖိနပ်ဆု ဆွတ်ခူးထားပြီး ၊ ပရီးမီးယားလိဂ် အင်အားကြီး ကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့က ၄င်းကို ခေါ်ဖို့ စိတ်ဝင်စားနေကြပါတယ် ။

မကြာသေးခင်ကမှ ချဲလ်ဆီးမှာ တနှစ်သာ ကစားပြီး ဆော်ဒီပရိုလိဂ် ကလပ် အယ်ဟီလယ်သို့ ပြောင်းရွှေ့သွားတဲ့ ဆီနီဂေါ လက်ရွေးစင် ခံစစ်မှူး ကာလီဒူ ကူလီဘာလီကတော့ သူ့ရဲ့ နာပိုလီ အသင်းဖော်ဟောင်း တိုက်စစ်မှူး အတွက် အခုလိုပဲ အပြောင်းအရွှေ့ အကြံပြု မက်ဆေ့ခ်ျ ပေးသွားပါတယ် ။

Corriere Dello Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ကူလီဘာလီ က ” ကျွန်တော်တို့ဟာ အတော်လေး ကြာမှ တခါလောက် စကားပြောဖြစ်တာပါ ။ သူ လိုအပ်တယ် ဆိုရင်တော့ ကျွန်တော့ကို ခေါ်ပါလိမ့်မယ် ။ ဗစ်တာဟာ နာပိုလီ အတွက် အရေးကြီးတဲ့ ကစားသမား တယောက် ဖြစ်ပါတယ် ။ သူဟာ ကမ္ဘာ့ အကောင်းဆုံးတွေထဲက တဦးပါ ။ ”

” ဂျန်နားရိုး ဂတ်တူဆိုက သူ့ကို ကူညီပေးခဲ့ပါတယ် ။ လူစီယာနို စပယ်လက်တီ လက်အောက်မှာတော့ သူ့အတွက် တကယ့် အလှည့်အပြောင်း အချိုးအကွေ့ တရပ် ဖြစ်ခဲ့ပါတယ် ။ အခုတော့ သူ ဘယ်သူ့ကိုမှ မလိုအပ်တော့ပါဘူး ။ ”

” ဘယ်သူ တဦးတယောက်ဆီက နားဝင်ယောင်တာကို နားထောင်စရာ မလိုပဲနဲ့ သူ လွတ်လပ်စွာ ရွေးချယ်နိုင်ပါတယ် ။ ဒါမှသာ သူ့အနေနဲ့ ရွေးချယ်ပြီး နောင်တရစရာ အကြောင်း မရှိမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ကူလီဘာလီက လာမယ့် ဘောလုံးရာသီမှာလည်း သူ့ရဲ့ အသင်းဟောင်း နာပိုလီဟာ စီးရီးအေ သရဖူကို ဆက်ထိန်းသွားနိုင်မယ်လို့ ခန့်မှန်းသွားပါတယ် ။

ကူလီဘာလီ က ” နာပိုလီကပဲ စကူဒက်တို ဖလား အတွက် ရေပန်းအစားဆုံး ဖြစ်နေပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့ဟာ စီးရီးအေ ချန်ပီယံဆုကို ကြီးမားတဲ့ ရမှတ် ကွာဟမှုနဲ့ ဆွတ်ခူးထားလို့ပါ ။ ဒါပေမယ့် အသင်းတိုင်းက သူတို့ကို စောင့်ကြည့်နေကြပါလိမ့်မယ် ။ အသင်းတိုင်းက ကစားသမားသစ်တွေ ဖြည့်တင်းကြပါလိမ့်မယ် ။ ”

” စီးရီးအေဟာ တောက်လျှောက် တိုးတက်နေတယ်ဆိုတာ ဥရောပ ပြိုင်ပွဲ ဖိုင်နယ် ၃ခုကို အီတလီ ကလပ်တွေ တက်ရောက်နိုင်ခဲ့တာက သက်သေပြနေပါတယ် ။ နည်းပြ အပြောင်းအလဲ ဖြစ်တဲ့အခါ အရာရာ အထိုင်ကျဖို့ အချိန် လိုပါတယ် ။ ဒါပေမယ့် ရူဒီ ဂါစီယာဟာ အီတလီလိဂ် အကြောင်း ကောင်းကောင်း သိပါတယ် ။ ”

” ဒါက သူ့အတွက် ကြီးကျယ်တဲ့ စိန်ခေါ်မှု တရပ် ဖြစ်ပြီး ၊ အပြောင်းအရွှေ့ စျေးကွက် အပေါ် မူတည်နေရင်တောင် သူဟာ ကြီးကျယ်တဲ့ အရာတွေ စွမ်းဆောင်ပြနိုင်ပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular