spot_img

အာဆင်နယ် အသင်း ရဲ့ ဒီနှစ် နွေရာသီ ခေါ်ယူမှု တစ်ခုကို ဝေဖန်လိုက်တဲ့ ကီရန်ဂစ်ဘ်

ဂန်းနား နောက်ခံလူဟောင်း ကီရန်ဂစ်ဘ် ကတော့ အာဆင်နယ် အသင်း ရဲ့ ဒီနှစ် နွေရာသီ ကစားသမား ခေါ်ယူမှုတွေထဲက ဟာဗက်ဇ် ကို ခေါ်ယူခဲ့မှု အပေါ် မေးခွန်းထုတ် ဝေဖန် သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီနှစ် နွေရာသီရဲ့ ပထမဆုံး ခေါ်ယူမှု အဖြစ် ချဲလ်ဆီး အသင်း ကစားသမား ကိုင်ဟာဗက်ဇ် ကို ပေါင် ၆၅ သန်း + ၅ သန်း နဲ့ ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ဟာဗက်ဇ် ဟာ နည်းပြ အာတီတာ ရဲ့ စိတ်ကြိုက် versatile ကစားသမား တစ်ဦး ဖြစ်ပြီး စပိန် နည်းပြဟာ သူ့ရဲ့ ကစားကွက်မှာ ဟာဗက်ဇ် ကို နံပါတ် ၈ နေရာမှာ ထားကစား ခိုင်းမှာ ဖြစ်တယ်လို့ သိရပါတယ် ။ ဒါပေမဲ့လည်း ဟာဗက်ဇ် ကို ခေါ်ယူမှု အပေါ် သဘောမကျတဲ့ အာဆင်နယ် ကစားသမားဟောင်း တစ်ဦးလည်း ရှိနေပါတယ် ၊သူကတော့ ကီရန်ဂစ်ဘ် ပါ ။

myan789

ဂစ်ဘ် က ESPN နဲ့ အင်တာဗျူးမှာ ” ဟာဗက်ဇ် ကို ဘာကြောင့် ခေါ်သလဲ ကျနော်လည်း မသိပါဘူး ။ ဟာဗက်ဇ် အနေနဲ့ သူ့ကိုယ်သူ ဘယ်လို တွေးထားသလဲ ဆိုတာ ကျနော် ကတော့ သိချင်ပါတယ် ၊ သူကိုယ်တိုင်လည်း သူ့ရဲ့ ပြီးခဲ့တဲ့ နှစ်ရာသီ စွမ်းဆောင်ရည် ကို ပြန်ကြည့်ပီး ငါ ဘယ်လို ဖြစ်လို့ အာဆင်နယ် ကို ရောက်လာပါလိမ့်မယ်လို့ တွေးနေမိမယ် ထင်ပါတယ် ၊ ငါက ဒီလောက် တကယ်တန်ရဲ့လား ဆိုတာပေါ့ ၊ ဘာပဲ ဖြစ်ဖြစ် သူအစွမ်းပြ နိုင်ဖို့ လိုပါတယ် ။ ”

” ပေါင် သန်း ၇၀ ဆိုတဲ့ ပမာဏ က အများကြီးပါ ၊ တကယ့်ကို မှတ်ကျောက်တင်ရမယ့် ခေါ်ယူမှုတွေထဲ ပါပါတယ် ၊ ဒီလောက် ပမာဏ သုံးမယ်ဆို ကျနော် ကတော့ အသင်းရုန်းကန် နေရချိန်မှာ အသင်းကို ဆွဲတင် ပေးနိုင်မယ့် ကစားသမားမျိုး ၊ အသင်းဖော်တွေကို ဘာမှ စိတ်မပူနဲ့ ငါ ရှိတယ် လို့ ပြောမယ့် ကစားသမားမျိုးကို လိုချင်ပါတယ် ။ ”

” ဟာဗက်ဇ် ဆီမှာ အဲ့လို အရာမျိုး မတွေ့ရပါဘူး ၊ ဟာဗက်ဇ် က ရှာကာ နေရာ အစားဝင်မယ့် သူလို့ မီခေးလ် က မြင်ထားပုံရပါတယ် ။ ဟာဗက်ဇ် က ကျဉ်းထဲကြပ်ထဲမှာ ရုန်းထွက်နိုင်စွမ်း ၊ သူ့ရဲ့ body ကို ကောင်းကောင်း အသုံးပြုနိုင်စွမ်း ရှိပါ့မလား ဆိုတာ ကျနော် မသိပါဘူး ၊ သူ့ရဲ့ကြံ့ခိုင်မှု ကရော အသင်းအတွက် လုံလောက်မှု ရှိပါ့မလား ။ ”

” အာဆင်နယ် အသင်း ရဲ့ အဓိက အားသာချက် က ဟိုးအရင်တည်းက ကွင်းလယ် ကစားသမားတွေပါ ၊ အရင်က အာဆင်နယ် ကွင်းလယ်လူတွေက အခိုက်အတန့် သေးသေးလေး တစ်ခုကနေတောင် ပွဲအဖြေကို ပြောင်းလဲ သွားအောင် စွမ်းဆောင် နိုင်ကြသူတွေ ဖြစ်ပါတယ် ၊ ကာဇိုလာ အိုဇေးလ် ဝီလ်ရှိုင်းယား ဖာဘရီဂက်စ် ဆောင်း ရိုစစ်စကီး စသည်ဖြင့်ပေါ့ဗျာ ၊ ဟာဗက်ဇ် မှာ အဲ့လို အရာမျိုး ကျနော် မတွေ့မိပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular