spot_img

PSG အသင်းမှ နာမည်ကျော် ဘရာဇီးလ်တိုက်စစ်မှူး နေမာအား ယခုနွေရာသီတွင် ခေါ်ယူရန် ချယ်လ်ဆီးအသင်း စိတ်ဝင်စား

ချယ်လ်ဆီးအသင်းသည် PSG အသင်းမှ နာမည်ကျော် ဘရာဇီးလ်တိုက်စစ်မှူး နေမာအား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ပြင်သစ်သတင်းစာ Le Parisien က ဖော်ပြခဲ့သည်။ 

အသက် ၃၁ နှစ်အရွယ်ရှိ နေမာသည် ၂၀၁၇ နွေရာသီအပြောင်းအရွှေ့တွင် ဘာစီလိုနာအသင်းမှ PSG အသင်းထံသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်း (ယူရို ၂၂၂ သန်း) ဖြင့် ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် PSG အသင်းတွင် ခြေစွမ်းပြနိုင် သော်လည်း ဒဏ်ရာပြဿနာများကြောင့် အသင်း၏အရေးကြီးပွဲစဉ်များကို လွဲချော်ခဲ့သလို ချန်ပီယံလိဂ်ဖလားကိုလည်း ရယူပေးနိုင်ခြင်းမရှိသေးသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

myan789

နေမာသည် PSG အသင်း နှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသလို ယင်းစာချုပ်တွင် တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့်ရှိသည်ဆိုသော အချက်လည်းပါဝင်ကြောင်း သိရသည်။     လက်ရှိတွင် PSG အသင်းအနေဖြင့် အဓိကတိုက်စစ်မှူး မက်ဆီကို ဆုံးရှုံးထားရသလို အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆန်ထားသည့် ပြင်သစ်တိုက်စစ်မှူး ဘာပေကိုလည်း ယခုနွေတွင် ရောင်းထုတ်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။ 

ထို့ ကြောင့် ဘာပေသာ ထွက်ခွာသွားပါက PSG အသင်း၏ နာမည်ကျော် MNM တိုက်စစ်တွင် နေမာတစ်ဦးတည်းသာ ကျန်ရစ်မည် ဖြစ်သည်။ သို့သော် Le Parisien ၏ ဖော်ပြမှုအရ နေမာသည် ယခုနွေရာသီတွင် PSG အသင်းမှထွက်ခွာပြီး အသင်းဟောင်း ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။ 

PSG အသင်းသည် လက်ရှိတွင် ဘာစီလိုနာနည်းပြဟောင်း လူးဝစ်အန်နရီကေးအား အသင်းနည်းပြအဖြစ် ခန့်အပ်ထားသည်။ နေမာသည် အန်နရီကေးနှင့် ဘာစီလိုနာအသင်းတွင် လက်တွဲခဲ့ဖူးပြီး ၂၀၁၅ ခု နှစ်က ဖလားသုံးလုံး ရယူနိုင်ခဲ့သည်။ ထို့ကြောင့် နေမာအနေဖြင့် အန်နရီကေးနှင့် ပြန်လည်လက်တွဲရန်အတွက် PSG အသင်းတွင် ဆက်နေဖွယ်ရှိသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။ သို့သော် ယင်းသို့ဖြစ်မလာပါက ချယ်လ်ဆီးအသင်းက နေမာကို ခေါ်ယူရန် စောင့်ကြည့်နေခြင်းဖြစ်သည်။ 

Le Parisien ၏ ဖော်ပြမှုအရ ချယ်လ်ဆီးအသင်းသည် PSG အသင်းမှ နေမာ ထွက်ခွာတောင်းမည့်အခြေ အနေကို စောင့်ကြည့်နေပြီး ၎င်းသာ PSG အသင်းမှ ထွက်ခွာခွင့်တောင်းခဲ့ပါက ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။ PSG အသင်းသည် အသင်းလစာကို လျှော့ချရန် နေမာကို ပေါင်သန်း ၆၀ ဝန်းကျင်ဖြင့် ရောင်းထုတ်ဖွယ်ရှိနေကြောင်းလည်း သိရသည်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular