ကီရန် တီယာနေး ကတော့ The Athletic နဲ့ အင်တာဗျူးမှာ လက်ရှိ အာဆင်နယ် အသင်းမှာ ပျော်ရွှင် နေပေမယ့် သူ့ရဲ့ အနာဂတ် ဟာ သူ့အပေါ် မမူတည်ကြောင်း ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။ ” အနာဂတ် အကြောင်း ပြောရရင် ကျနော့် အပေါ် မမူတည်ပါဘူး ၊ ကျနော် ကတော့ နေ့တိုင်း အလုပ်ကို အပြင်းအထန် ကြိုးစား နေပါတယ် ၊ ပွဲကစားခွင့် မိနစ်ရဖို့ပေါ့ ။ ”
” ကျနော် တက်နိုင်သလောက် အစွမ်းကုန် ကြိုးစား နေပါတယ် ၊ ပွဲကစားခွင့် သိပ်မရတာနဲ့ ပတ်သက်ပြီး နည်းပြ အာတီတာ နဲ့ စကားမပြောဖြစ်ပါဘူး ၊ ကစားသမား တစ်ဦး အတွက် ပွဲတိုင်း ရာသီတိုင်း နှစ်တိုင်း ကစားရဖို့ ဆိုတာ က မဖြစ်နိုင်ပါဘူး ၊ ကျနော် ကိုယ်တိုင်လည်း အဲ့ဒီလို ကစားခွင့် ရဖို့ မမျှော်လင့် ထားပါဘူး ၊ မနှစ်ကလည်း ကျနော် ပွဲတွေ အများကြီး ကစားခွင့် ရခဲ့တာပဲလေ ။ ”
” ကျနော် ပွဲတိုင်း ကစားဖို့ အဆင်သင့် ဖြစ်နေခဲ့ပြီး အသင်း အတွက် ရာနှုန်းပြည့် အလုပ်လုပ်ခဲ့ပါတယ် ။ ကစားရသည် ဖြစ်စေ မကစားရသည် ဖြစ်စေ ကျနော့်ရဲ့ ကြိုးစား အားထုတ်မှုက မလျော့သွားဘူး ဆိုတာ အားလုံး သိကြပါတယ် ၊ ကစားခဲ့ရတဲ့ ပွဲတွေမှာလည်း ကျနော် အသင်းအတွက် အကောင်းဆုံး ပေးဆပ် ကစားခဲ့ပါတယ် ။ မနှစ်က အရန်ခုံကနေ အများကြီး လူစားဝင် ကစားခဲ့ပါတယ် ၊ ပွဲပြီးသလောက် ဖြစ်နေတဲ့ အချိန်မှာရော ဂိုးရဖို့ လိုအပ်နေတဲ့ အချိန်မှာရောပေါ့ ။ ”

ဆက်လက်ပြီး တီယာနေး က ကစားသမားသစ် ဒက်ကလန်ရိုက်စ် နဲ့ ပတ်သက်ပြီးလည်း ” ဒက်ကလန် က အသင်းကို ရောက်ပြီး နောက်တစ်ရက်မှာပဲ ဒီအသင်းမှာ နှစ်ပေါင်းများစွာ ကစားနေသူ တစ်ဦးလို့ ခံစားနေရပြီ ဖြစ်ကြောင်း ကျနော်တို့ကို ပြောပြပါတယ် ။ ကျနော်တို့ကတယောက် နဲ့ တစ်ယောက် ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပြီး သူငယ်ချင်းကောင်းတွေလို ဖြစ်နေကြတာကြောင့်လည်း ကစားသမားသစ်တွေ အလျင်အမြန် အထိုင်ကျပြီး ဒီမှာ ကစားရတာကို နှစ်သက် နေကြတာပါ ။ ”

” ကျနော်တို့ တတွေ ကြားမှာ သီချင်း တချို့တောင် ရှိနေပါပြီ ၊ ရိုက်စ် ဆို သူ လုပ်နေကြ ပုံစံ အတိုင်း Ice Ice Baby ဆိုပြီး သီချင်း ဆိုပြလေ့ ရှိပါတယ် ။ ကစားသမားသစ်တွေက အသင်း နဲ့ ကောင်းကောင်း ပူးပေါင်း ထားနိုင်ပြီး team activities တွေကိုလည်း အတွဲညီညီ လုပ်ဆောင် နေကြပါတယ် ၊ ဒါတွေက ကစားသမားသစ်တွေ လိုအပ် နေတဲ့ အရာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။