ဒက်ကလန်ရိုက်စ် က လာမယ့် ရာသီမှာ အာဆင်နယ် အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူး ရယူ နိုင်ဖို့ ရည်မှန်းထားကြောင်း ကြောကြား လိုက်ပါတယ် ။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ ၂၀၀၄ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ် ဖလား ပထမဆုံး အကြိမ် ရရှိဖို့ နီးစပ် ခဲ့ပေမယ့် ရာသီကုန်မှာတော့ အဆင့် ၂ နဲ့သာ ကျေနပ် ခဲ့ရပါတယ် ။
အာဆင်နယ် အသင်းဟာ လာမယ့် ရာသီမှာ ဆုဖလား ပြိုင်ပွဲတွေကို ထပ်မံ စိန်ခေါ် နိုင်ဖို့ တစ်ကြောင်း ၊ ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားရမှာ ဖြစ်တာကကြောင့် တစ်ကြောင်း ကစားသမားကောင်းတွေ ဆက်တိုက် ခေါ်ယူနေပြီး ဟာဗက်ဇ် ၊ တင်ဘာ ၊ ဒက်ကလန်ရိုက်စ် တို့ ၃ ဦးအတွက် စုစုပေါင်း ပေါင် သန်း ၂၀၀ ကျော် အသုံးပြု ထားပါတယ် ။
ဝက်စ်ဟမ်း အသင်းကနေ အာဆင်နယ် အသင်းကို စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ရောက်ရှိလာတဲ့ ဒက်ကလန်ရိုက်စ် က အာဆင်နယ် You Tube Channel မှာ ” ကျနော် အမ်းမရိတ် ကွင်းမှာ ပွဲဦးထွက် ကစားဖို့ မစောင့်နိုင်တော့ပါဘူး ။ ကျနော် အသင်းနဲ့ စာချူပ်ချုပ် ပြီးချိန်မှာ ကွင်းထဲက box ကနေ ကွင်းကြီးကို ကြည့်ပြီး မန်နေဂျာ နဲ့ စကားပြောဖြစ်ခဲ့ပါတယ် ။ မြင်ရတဲ့ မြင်ကွင်းက တကယ့်ကို ရင်သပ် ရှု့မောစရာပါပဲ ။ ”

” တကယ်မိုက်တဲ့ ကွင်းကြီးပါပဲ ၊ ဒီလို ကွင်းမှာ ကိုယ့်ရဲ့ အိမ်ကွင်း ပွဲကို ကစားရတာ တကယ့်ကို ကံကောင်း လွန်းပါတယ် ၊ မနှစ်တုန်းက ဒီကွင်းရဲ့ atmosphere က ပရိသတ်တွေရဲ့ တခဲနက် အားပေးမှု နဲ့ အတူ ရူးလောက်အောင်ကို မိုက်ခဲ့တာပါ ၊ ဒီနှစ်မှာတော့ မနှစ်တုန်းကထက် ပိုကောင်းအောင် လုပ်ပြပြီး ပရိသတ်တွေ ပို ရင်ခုန် စိတ်လှုပ်ရှားအောင် လုပ်နိုင်ဖို့ မျှော်လင့် ထားပါတယ် ။ ”
ဒါ့အပြင် ရိုက်စ် ကတော့ ဘူကာရို ဆာကာ ကိုလည်း ချီးကျူး စကားဆို သွားခဲ့ပါတယ် ။ ” ဆာကာ တော့ သိမှာ မဟုတ်ပါဘူး ၊ ဒါပေမယ့် သူ အင်္ဂလန် လူငယ် အသင်း အတွက် ကစားတာကို ကျနော် ကြည့်ခဲ့ဖူးပါတယ် ၊ အဲ့တုန်းက သူက ဘယ်နောက်ခံလူ အဖြစ် ကစားခဲ့တာပါ ၊ အဲ့ဒီပွဲက သူ့ကို ပထမဆုံး စမြင်ဖူးတဲ့ ပွဲပါပဲ ၊ အဲ့နောက်ပိုင်း သူ့ရဲ့ တိုးတက်လာမှုက အံ့မခန်းပါပဲ ။ ”

” ပြောရရင် လူတွေ အားလုံးက သူ့ကို ချစ်ကြပါတယ် ၊ သူ့ရဲ့ အပြုအမူ နှင့် အမြဲတမ်း ပြုံးပျော်နေတဲ့ မျက်နှာကြောင့်ပေါ့ ၊ လေ့ကျင့်ရေး ကွင်းမှာလည်း သူက အပြင်းအထန် ကြိုးစား ကစားပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။