မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်တုန်းက ရီးယဲ မက်ဒရစ် အသင်းနဲ့ ရာသီကြို ခြေစမ်းပွဲ ကစားခဲ့ရပြီး 2 – 0 ဆိုတဲ့ ရလဒ် နဲ့ စိတ်ပျက်ဖွယ် 2 ဂိုးပြတ် ရှံးနိမ့်သွားခဲ့ရပါတယ် ။
ဒီပွဲမှာတော့ ရီးယဲမက်ဒရစ် အသင်းရဲ့ ကစားသမားသစ် ဖြစ်သူ ဂျုဒ် ဘယ်လင်ဂမ် က ပွဲချိန် 6 မိနစ်မှာပဲ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် 89 မိနစ်မှာတော့ အငှားရောက်လာခဲ့တဲ့ ဂျိုဆီလူ က နောက်တစ်ဂိုး သွင်းသွားခဲ့ပါတယ် ။
အဆိုပါ ရှုံးပွဲ အပြီးမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က သူ့ရဲ့ အသင်းသားတွေ အနေနဲ့ ဒီထက် ပိုပြီး ဖိအားပေး ကစားနိုင်ခဲ့သင့်ကြောင်း ၊ ဂိုးတွေ သွင်းယူနိုင်ခဲ့သင့်ကြောင်း အပြစ်တင် သွားခဲ့လိုက်ပါတယ် ။

” အခုလို ရှုံးပွဲ ပတ်သက်လို့ ပြောစရာ နှစ်ခု ရှိပါတယ် ၊ ကျွန်တော်တို့ ဒီထက်ပိုပြီး ဖိအားပေး ကစားနိုင်ခဲ့သင့်ပါတယ် ။ ဂိုးတွေလည်း သွင်းယူနိုင်ခဲ့သင့်ပါတယ် ။ နောက်ထပ််ပြောရရင် ကျွန်တော်တို့ဆီမှာ 1 vs 1 ကစားနိုင်တဲ့သူတွေ ပိုပြီး လိုအပ်ခဲ့တာပါပဲ ”
” ကျွန်တော်တို့ အခြေအနေ အချို့ကို ပိုင်ဆိုင်ခဲ့ပါတယ် ။ မားကပ်စ် ရပ်ရှ်ဖို့ ၊ စကော့ မက် တော်မီနေး ၊ အလန်ဇန်ဒရို ဂါနာချို တို့ ဂိုးရခဲ့သင့်ပါတယ် ။ ဒီလို ပွဲမျိုးကို ကြည့်ရတာ တကယ်ပဲ ခက်ခဲလှပါတယ် ”
” ကျွန်တော်တို့ 24/7 အလုပ်တွေ လုပ်ခဲ့ကြပါတယ် ။ အသင််းမှာ အလုပ်တွေ အများကြီး လုပ်ခဲ့ကြတာတွေက အခုလိို အခိုက်အတန့်တွေမှာ အလုပ် ပြီးမြောက်အောင်လုပ်ပြနိုင်ဖို့ ပါပဲ ” လို့ တန်ဟတ် က ပြောရင်း ကစားသမား ခေါ်ယူရေး နဲ့ ပတ်သက်လို့

” သူများအသင်းနဲ့ စာချုပ် သက်တမ်း ရှိသေးတဲ့ သူတွေ အကြောင်း ကျွန်တော် ဘယ်တော့မှ မပြောလိုပါဘူး ။ အသင််းမှာ ကိုယ်ပိုင် ပစ်မှတ်တွေ ရှိပြီးသားပါ ။ ကျွန်တော်တို့ 24/7 အလုပ်လုပ်နေကြသူတွေပါ ”
” ကျွန်တော်တို့ အလုပ်တွေ ရှုပ်နေကြပါတယ် ။ မှန်ကန်တဲ့ ကစားသမား တစ်ဦးကို အသင်းနဲ့ စာချုပ် ချုပ်ဆိုနိုင်ဖို့ ကျွန်တော်တို့ ကြိုးစား အားထုတ်နေကြပါတယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။