spot_img

လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အက်သလက်တီကို နှင့် ဟွယ်ဆကာ (၂၂-၄-၂၀၂၁ ည ၁၁:၃၀ နာရီ)
အက်သလက်တီကိုကတော့ အိမ်ကွင်းပွဲတွေမှာ အတိမ်းအစောင်း လုံးဝအဖြစ်ခံမယ်မထင်ဘူး။ ဒါပေမဲ့ ဟွယ်ဆကာကလည်း တန်းဆင်းအန္တရာယ်နဲ့ ဝေးရာကိုရောက်ဖို့ ရဲရဲဖွင့်ကစားပြီး အမှတ်ရအောင် ကြိုးစားနေတဲ့အသင်းဖြစ်လို့ အက်သလက်တီကို သတိထားရမယ့် ပြိုင်ဘက်မျိုးပါပဲ။ ဒါပေမဲ့ မဖြစ်မနေအနိုင်ရလဒ်လိုအပ်နေတဲ့ အက်သလက်တီကိုကိုပဲ ရွေးချယ်ထားတာကောင်းပါမယ်။ ဂိုးတော့ နည်းလိမ့်မယ်။

ဂရန်နာဒါ နှင့် အီဘာ (၂၃-၄-၂၀၂၁ နံနက် ၁:၃၀ နာရီ)
ဒီပွဲမှာ ဂရန်နာဒါရဲ့တုံ့ပြန်ပုံက အဓိကကျနေတယ်။ ယူရိုပါလိဂ်က ထွက်လိုက်ရပြီးနောက် ဂရန်နာဒါတို့ လာလီဂါအိမ်ကွင်းပွဲကိုတော့ ဂရုတစိုက် ပြန်ကစားပြမယ်ထင်တယ်။ အီဘာကလည်း ဇယားအောက်ဆုံးကလွတ်အောင် ရုန်းနေတဲ့အသင်းပီပီ ခံကစားလာဖို့ရှိနေတယ်။ ဂိုးနည်းသရေပွဲလို့ပဲ ထင်တယ်။

myan789

ဆိုစီဒက် နှင့် ဆယ်လ်တာဗီဂို (၂၃-၄-၂၀၂၁ နံနက် ၁:၃၀ နာရီ)
ဆိုစီဒက်ကစားပုံ အခုနောက်ပိုင်း ပိုကျစ်လျစ်လာတယ်လို့ ပြောနိုင်ပေမဲ့ တိုက်စစ်ပိုင်းကတော့ ဂိုးသွင်းနှုန်း ပုံမှန်မဟုတ်သေးဘူး။ ဆယ်လ်တာဗီဂိုကလည်း အခုတလော ဖွင့်ကစားပြီး အမှတ်တွေရအောင် ယူနေနိုင်တဲ့အပြင် တိုက်စစ်ကလည်း ဂိုးရအောင် ပြန်ကစားနေနိုင်ချိန်ဆိုတော့ ဆိုစီဒက်ကွင်းမှာ အိမ်ရှင်ကို အခက်တွေ့အောင် တုံ့ပြန်နိုင်မယ်ထင်တယ်။ ကစားပုံပိုငြိမ်တဲ့ ဆိုစီဒက်ကိုပဲ ကြိုက်တယ်။ ဂိုးတော့ နည်းမယ်။

ဘာစီလိုနာ နှင့် ဂီတာဖေး (၂၃-၄-၂၀၂၁ နံနက် ၂:၃၀ နာရီ)
ဘာစီလိုနာကတော့ ချန်ပီယံဆုအတွက် ဖွင့်ကစားရတော့မယ့်အချိန်လို့ ပြောနိုင်တယ်။ စပိန်ဘုရင့်ဖလားကိုရယူထားနိုင်လို့လည်း စိတ်ဓာတ်တက်နေနိုင်ပြီး အခုလို အိမ်ကွင်းပွဲမျိုးကိုတော့ အမှတ်ပြည့်ရအောင် ကစားထားနိုင်မှ ဘာစီလိုနာအတွက် မျှော်လင့်ချက် ပိုအားကောင်းနိုင်မှာဖြစ်တယ်။ ဒီပွဲရဲ့အဓိကအဖြေက ဘာစီလိုနာတိုက်စစ်ရဲ့ ဂိုးသွင်း နိုင်စွမ်းပဲ ဖြစ်ပါလိမ့်မယ်။ ဘာစီလိုနာ ဂိုးနည်းနည်းနဲ့ အနိုင်ရအောင် ကစားဖို့များနေတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular