spot_img

ကစားသမားများနှင့် မန်နေဂျာများမှာ နိုင်ငံရေးသမားများမဟုတ်သောကြောင့် ကမ္ဘာ့ဖလားနှင့်ပတ်သက်၍ ဖိအားပေးခြင်း၊ ဝေဖန်ခြင်းမပြုလုပ်သင့်ကြောင်း လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် သုံးသပ်

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ကစားသမားများနှင့် မန်နေဂျာများမှာ နိုင်ငံရေးသမားများ မဟုတ်သောကြောင့် ကမ္ဘာ့ဖလားနှင့်ပတ်သက်၍ ၎င်းတို့ အား ဖိအားပေးခြင်း၊ ဝေဖန်ခြင်း မပြုလုပ်သင့်ကြောင်း သုံးသပ်ပြောကြားသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ရန် ပိုမိုနီးကပ်လာချိန်တွင် အိမ်ရှင်ကာတာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်း၊ လိင်တူချစ်သူများအပေါ် တင်းကျပ်စွာကန့်သတ်မှု၊ ရွှေ့ပြောင်းအလုပ်သမားအရေးအပေါ် ကိုင်တွယ်ဖြေရှင်းမှု စသည့်ဖြစ်ရပ်များအတွက် ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိသည်။

myan789

ထို့ပြင် ကမ္ဘာ့ဖလားပြိုင်ပွဲအား သပိတ်မှောက်ရန် နည်းလမ်းအမျိုးမျိုးဖြင့် တိုက်တွန်းမှုများရှိနေသလို အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်မှာလည်း ကာတာရှိ ရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်သည့် မှတ်ချက်စကားကြောင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ဝေဖန်မှု ခံနေရသည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ သောကြာနေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယာဂန်ကလော့ပ်က ”ဂါရတ်ဆောက်ဂိတ်က နိုင်ငံရေးသမားတစ်ယောက်မဟုတ်ပါဘူး။ ကျွန်တော်လည်း နိုင်ငံရေးသမား မဟုတ်ပါဘူး။ သူ့ဆီမှာ အမြင်တစ်ခုရှိနိုင်ပေမဲ့  သူက နိုင်ငံရေးသမားမဟုတ်ပါဘူး။ သူက အင်္ဂလန်အသင်းရဲ့ မန်နေဂျာပါ။ သူတို့ကို ကစားခွင့်ပေးလိုက်ပါ။ အဲဒါနဲ့ပတ်သက်ပြီး တစ်ခုခုရေးချင်ရင် ပြီးမှပဲလုပ်ပါ။ ဒါပေမဲ့ တချို့တွေက ကျွန်တော်တို့ကိုမမေးဘဲနဲ့ ကလော့ပ်က ပြောတယ်၊ ဆောက်ဂိတ်က ပြောတယ်ဆိုပြီး ကိုယ့်ဘာသာရေးကြတယ်။ အဲဒီအရာတွေက တစ်ခုခုကို ပြောင်းလဲသွားစေနိုင်တယ်” ဟု ပြောကြားသည်။

ထို့ပြင် ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကာတာကို ရွေးချယ်မှုနှင့်ပတ်သက်၍ ကလော့ပ်က ”အဲဒီဟာကို ဘောလုံးလောကမှာရှိသူတွေက လုပ်ခဲ့တာလား။ မဟုတ်ပါဘူး။ သူတို့တွေက ဘောလုံးနိုင်ငံရေးသမားတွေပါ။ ခင်ဗျား ဆိုလိုတာ ဘရာဇီးလ်သား (ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ရီကာဒိုတိုင်ဆီရာ) ကို မဟုတ်လား။ ဂျာနယ်လစ်တွေအနေနဲ့  ဒီထက်ပိုပြီးလုပ်သင့်တယ်။ ခင်ဗျားတို့က ကစားသမားတွေကို မေးခွန်းတွေနဲ့ ဖိအားပေးကြတယ်။ ဟာရီကိန်းက လက်ပတ်ဝတ်ဆင်မယ်လို့ပြောရင် တခြားသူတွေက ကျေးဇူးပြုပြီး နိုင်ငံရေးထုတ်ဖော်မှုတွေ မလုပ်ပါနဲ့  ဆိုပြီး ပြောကြတယ်။ အဲဒါက အဆင်မပြေပါ ဘူး။ ဒီဟာတွေကို တခြားသူတွေက စီစဉ်ကြတာပါ။ အဲဒီလိုဖြစ်အောင် ခင်ဗျားခွင့်ပြုခဲ့တာလို့ ကျွန်တော်မပြောပါဘူး။ ကျွန်တော်တို့ အားလုံး ခွင့်ပြုခဲ့ကြတာပါ။ အရာအားလုံးက စားပွဲပေါ်မှာပဲ ရှိပါတယ်။ ခင်ဗျားတို့အနေနဲ့  ကစားသမားတွေကို အရမ်းဝေဖန်တဲ့ဆောင်းပါးတွေ မရေးကြပါနဲ့” ဟု ပြောကြားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular