အယ်မယ်ရီယာ – ဂီတာဖေး (ကြာသပတေးနံနက် ၀၀း၃၀ နာရီ)
အိမ်ကွင်းမှာ တိုက်စစ်စွမ်းပြနေတဲ့ အယ်မယ်ရီယာကို ဂီတာဖေးတောင့်ခံကစားနိုင်ဖို့ ခက်မယ်ထင်တယ်။ ဒီပွဲက အယ်မယ်ရီယာရဲ့ အိမ်ကွင်းတိုက်စစ်နဲ့ ဂီတာဖေးရဲ့ အဝေးကွင်းခံစစ် အားပြိုင်မယ့်ပွဲဖြစ်ပြီး ဒီလိုအခြေအနေမျိုးမှာ နိုင် လိုစိတ်ပိုပြင်းထန်နိုင်တဲ့ အယ်မယ်ရီယာကိုနဲ့ ဂိုးအများကိုပဲ ရွေးထားမယ်။
ဆီဗီလာ – ဆိုစီဒက် (ကြာသပတေးနံနက် ၀၀း၃၀ နာရီ)
နည်းပြဆမ်ပါအိုလီလက်ထဲ ဆီဗီလာသိသိသာသာပြောင်း လဲလာတာမျိုးတော့မရှိသေးဘူး။ ကစားပုံ၊ ကစားအားကောင်း လာပေမဲ့ ခံစစ်၊ တိုက်စစ်အားနည်းနေတုန်းပဲ။ ဆိုစီဒက်က ခြေ မှန်ပြီး အဝေးကွင်းမှာလည်း ကောင်းကောင်းထိန်းကစားနေနိုင် လို့ ဆီဗီလာတို့ ဒီတစ်ပွဲလို့ အိမ်ကွင်းဆိုပေမဲ့ အနိုင်ရဖို့ခက် ခဲ နေဦးမယ်ထင်တယ်။ အပြန်အလှန်ထိန်းထိန်းသိမ်းသိမ်းကစား သွားဖို့ရှိနေလို့ ဂိုးနည်းသရေပွဲလို့ပဲမှန်းထားချင်တယ်။
အက်စ်ပန်ညို – ဗီလာရီးယဲလ်(ကြာသပတေးနံနက် ၁း၃၀ နာရီ)
နည်းပြသစ်နဲ့ ဗီလာရီးယဲလ်ရဲ့အနေအထားက ခန့်မှန်းရ မလွယ်သေးဘူး။ ဒါပေမဲ့ အဝေးကွင်းမှာ ထိန်းကစားနိုင်စွမ်းတော့ ရှိနိုင်တဲ့အပြင် အက်စ်ပန်ညိုရဲ့ ဒီရာသီအိမ်ကွင်းကစားပုံက လည်း ကျေနပ်စရာအနေအထားမဟုတ်လို့ ဗီလာရီးယဲလ်နဲ့ ဂိုး အနည်းကိုပဲရွေးထားလိုက်တယ်။
မာယော့ကာ – အက်သလက်တီကို (ကြာသပတေးနံနက် ၃း၀၀ နာရီ)
ပြီးခဲ့တဲ့ ကာဒစ်ဇ်နဲ့ပွဲမှာ အက်သလက်တီကို အဝေးကွင်း ကစားပုံပျက်သွားတာတွေ့ရတယ်။ ခုတလော ခံစစ်ပိုင်းက လည်း အားလျော့နေသလိုတွေ့ရလို့ မာယော့ကာကွင်းမှာလည်း အက်သလက်တီကိုအခက်တွေ့သွားနိုင်တယ်။ မာယော့ကာက စားပုံက စုစည်းမှုရှိပေမဲ့ တိုက်စစ်ကဂိုးသွင်းနိုင်မယ့်သူ မရှိတာ က အားနည်းချက်လိုဖြစ်နေပါတယ်။ အက်သလက်တီကိုတို့ အနိမ့်ဆုံးသရေတစ်မှတ်တော့ ရအောင်ယူနိုင်မယ်ထင်တယ်။