spot_img

စပိန်လာလီဂါပွဲစဉ် (၁၅) ပွဲကြိုသုံးသပ်ချက်

ဘက်တစ် – လီဗန်တေး (တနင်္ဂနွေည ရး၃၀ နာရီ)
လီဗန်တေး နိုင်ပွဲရဖို့ ဝေးနေဆဲခြေစွမ်းမျိုးနဲ့တော့ ဘက် တစ်ကွင်းမှာ မျှော်လင့်ထားဖို့က မဖြစ်နိုင်သလောက်ပါပဲ။ ဘက် တစ်က အသင်းငယ်တွေနဲ့တွေ့ရင် ပြတ်သားစွာ ကစားပြပုံအ ရလည်း ဒီပွဲက အိမ်ရှင်ဘက်တစ်ကိုပဲ ရွေးချယ်ထားဖို့ ညွှန်း ဆိုနေတယ်။ တိုက်စစ်ပိုင်းလည်း အလုပ်ဖြစ်နေလို့ ဂိုးလည်း များနိုင်တယ်။

အက်စ်ပန်ညို – ဆိုစီဒက် (တနင်္ဂနွေည ၉း၄၅ နာရီ)
အက်စ်ပန်ညို အိမ်ကွင်းကစားအားကောင်းပေမဲ့ ဆိုစီ ဒက်ကလည်း အဝေးကွင်းမှာ ထိန်းကစားနိုင်တဲ့အသင်းမျိုးဖြစ် နေတယ်။ ပြီးတော့ ဆိုစီဒက်ကစားပုံကလည်း ခြေမှန်ပြီး အမှား နည်းအောင်ကစားနိုင်နေလို့ ခက်မယ်မထင်ဘူး။ အဝေးကွင်း ဖြစ်ပေမဲ့ ဆိုစီဒက် ထိန်းကစားသွားဖို့ရှိပြီး ဂိုးအနည်း သရေပွဲ လို့ပဲ မှန်းထားချင်တယ်။

myan789

ကာဒစ်ဇ် – အက်သလက်တီကို (တနင်္လာနံနက် ၀၀း၀၀ နာရီ)
ကာဒစ်ဇ်က အက်သလက်တီကိုကို အိမ်ကွင်းမှာ အခက် တွေ့အောင် တုံ့ပြန်ပြနိုင်တဲ့အသင်းပါ။ ဒီနှစ်သင်းဟာ ခံစစ်အား သန်အသင်းတွေဖြစ်ပေမဲ့ ကာဒစ်ဇ်ကွင်းဆိုရင် ဂိုးတွေ အပြန်အ လှန်သွင်းကြလေ့ရှိတယ်။ ကာဒစ်ဇ်ကွင်း နောက်ဆုံး(၄)ကြိမ်မှာ တစ်ပွဲပျမ်းမျှသွင်းဂိုးက (၆.၇)ဂိုးနှုန်းအထိရှိနေတယ်။ ဂိုးအများ နဲ့ အက်သလက်တီကိုကိုပဲ ရွေးထားချင်တယ်။

ရီးယဲလ်မက်ဒရစ် – ဆီဗီလာ (တနင်္လာနံနက် ၂း၃၀ နာရီ)
ဆီဗီလာရဲ့ခံစစ်ကစားပုံ အခုတလော နည်းနည်းလျော့ နေသလိုတော့ ရှိနေတယ်။ နောက်ပြီး ဒီရာသီ ဆီဗီလာရဲ့အဝေး ကွင်းရလဒ်တွေကလည်း ကောင်းလှပြီလို့မပြောနိုင်သေးဘူး။ အဝေးကွင်းနောက်ဆုံးပွဲမှာ ဘက်တစ်ကို အနိုင်ရအောင် က စားထားနိုင်ခဲ့ပေမဲ့ ဆီဗီလာကစားပုံက အဝေးကွင်းမှာ ထိန်းပြီး ကစားလွန်းနေတာ တွေ့ရတယ်။ ဆီဗီလာရဲ့အဝေးကွင်းဂိုးသွင်း နှုန်းကလည်း ပုံမှန်မရှိသေးဘူး။ ရီးယဲလ်ကတော့ အခုနောက် ပိုင်း ကစားပုံမှန်လာပေမဲ့ တိုက်စစ်ပိုင်းက ဂိုးတွေရအောင် ကစားနိုင်ချိန်မှာ ခံစစ်ကတော့ ဂိုးတွေ ပြန်ပေးနေရတုန်းပါပဲ။ နောက်ပြီး ရီးယဲလ်ရဲ့ဒီရာသီကစားပုံက အိမ်ကွင်းထက် အဝေး ကွင်းမှာ တိုက်စစ်က ဂိုးပိုရသလိုဖြစ်နေပြီး အိမ်ကွင်းမှာတော့ ဂိုးရဖို့ ပိုရုန်းနေရသလိုပါပဲ။ ဆီဗီလာက အဝေးကွင်း ဂိုးမပေးရ အောင် ဦးစားပေးကစားတတ်လို့ ရီးယဲလ် ခက်ခက်ခဲခဲကစား ရနိုင်ပြီး ဂိုးအနည်းနဲ့ သရေကျသွားနိုင်တဲ့ပွဲလို့ ထင်နေမိတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular