spot_img

စီရော်နယ်လ်ဒိုအနေဖြင့် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ ၂၄ ဂိုးသွင်းယူနိုင်ခဲ့သလို ယခုရာသီတွင်လည်း လုပ်နိုင်စွမ်းရှိသည်ဟု တန်ဟက်ဂ် ပြောကြား

မန်ယူနည်းပြ တန်ဟက်ဂ်က အသင်းဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီက ပြိုင်ပွဲစုံ ၂၄ ဂိုး သွင်းယူနိုင်ခဲ့သလို ယခုရာသီတွင်လည်း ယင်းသို့ စွမ်းဆောင်နိုင်စွမ်းရှိသည်ဟု ပြောကြားခဲ့သည်။ 

အသက် ၃၇ နှစ်ကျော်ပြီဖြစ်သည့် ပေါ် တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် စပါးနှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လူစားဝင်ကစားရန် ငြင်းဆန်မှုကြောင့် အောက်တိုဘာ ၂၂ ရက်က ကစားခဲ့သည့် ချယ်လ်ဆီးနှင့်ပွဲတွင် အပြစ် ပေးသည့်အနေဖြင့် အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။ 

myan789

သို့သော် စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် ကြာသပတေးနေ့က ကစားခဲ့သည့် ရှာရစ်ဖ်အသင်းနှင့် ယူရိုပါလိဂ်အုပ်စု ပွဲစဉ်တွင်မူ ပွဲအစအဆုံး ပါဝင်ကစားသွားခဲ့သည်။ ထို့ပြင် စီရော်နယ်လ်ဒိုသည် ရှာရစ်ဖ် အသင်းကို (၃-၀) ဂိုးဖြင့်အနိုင်ရသည့် အဆိုပါပွဲစဉ်၌မန်ယူအသင်းအတွက် နောက်ဆုံး အနိုင်ဂိုးကို ပွဲချိန် ၈၁ မိနစ်တွင် သွင်းယူပေးနိုင်ခဲ့သည်။ ယင်းဂိုးမှာ စီရော်နယ်လ်ဒိုအတွက် ယခုရာသီ ပြိုင်ပွဲစုံ ၃ ဂိုးမြောက်ဖြစ်ပြီး ပြီးခဲ့သည့် ရာသီက ပြိုင်ပွဲစုံ ၂၄ ဂိုးသွင်းယူခဲ့သည့် မှတ်တမ်းကို လိုက်မီရန် များစွာအလှမ်းဝေးနေသေးသည်။ 

သို့သော် မန်ယူအသင်းနည်းပြ တန်ဟက်ဂ်က စီရော်နယ်လ်ဒိုအနေဖြင့် ပြီးခဲ့သည့်ရာသီကကဲ့သို့ ဂိုး ၂၀ ကျော်သွင်းယူနိုင် စွမ်းရှိနေသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ တန်ဟက်ဂ်က “စီရော်နယ်လ်ဒိုအနေ နဲ့ ပြီးခဲ့တဲ့ရာသီကလို ပြိုင်ပွဲစုံ ဂိုးပေါင်း ၂၄ ဂိုး သွင်းနိုင်မလားဆိုတာတော့ သူ့အပေါ် မူတည်ပါတယ်။ ဒါပေမဲ့ စီရော်နယ်လ်ဒို ရရှိတဲ့ အခွင့်အရေးတွေ၊ အသင်းက သူ့အတွက်ဖန်တီးပေးတဲ့ အခွင့်အရေးတွေကို ကြည့်လိုက်မယ်ဆိုရင် သူ့အနေနဲ့ ဂိုးတွေသွင်းနိုင်ဆဲဆိုတာကို ခင်ဗျားတို့ တွေ့ရမှာပါ။ ဒီတော့ စီရော်နယ်လ်ဒိုအနေနဲ့ ပြီးခဲ့တဲ့ရာသီကလို ၂၄ ဂိုး သွင်းဖို့ဆိုတာ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

သို့သော် စီရော်နယ်လ်ဒိုသည် နည်းပြ တန်ဟက်ဂ်လက်ထက်၌ ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေပြီး ပွဲအများစုမှာ လူစားဝင်အဖြစ်သာ ကစားခွင့်ရခဲ့သည်။ ထို့ကြောင့် စီရော်နယ်လ်ဒိုသည် မန်ယူအသင်းအတွက် ယခုရာသီ ယူရိုပါလိဂ် ငါးပွဲတွင် ၂ ဂိုး သွင်းယူထားနိုင်သော်လည်း ပရီးမီးယားလိဂ်ရှစ်ပွဲတွင်မူ ၁ ဂိုးသွင်းယူထားနိုင်ပြီး ဂိုးရရန် ရုန်းကန်နေရသည်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular