spot_img

ပဲလေစ့် နဲ့ ပွဲမှာ အာဆင်နယ် အသင်းသား တစ်ဦးရဲ့လုပ်ဆောင်ချက် တစ်ခုအပေါ် သူ အံ့အားသင့်ခဲ့ရကြောင်း ဖွင့်ဟလာတဲ့ အာတီတာ

အာဆင်နယ် နည်းပြ အာတီတာ က ခရစ္စတယ်ပဲလစ့် နဲ့ ပွဲမှာ ရရှိလာတဲ့ ပင်နယ်တီ ကို အသင်း ခေါင်းဆောင် မာတင် အော်ဒီဂတ် ကန်သွင်း ခဲ့တဲ့ အပေါ် တခြားသူတွေလိုပဲ သူကိုယ်တိုင်လည်း အံ့ဩတကြီး ဖြစ်ခဲ့ရတယ်လို့ ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။

ပဲလေစ့် နဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာ ကစားပုံ ကောင်းခဲ့ ပေမယ့် ရလာတဲ့ အပိုင် အခွင့်အရေး နှစ်ကြိမ်ကို အန်ကီးတီးယား အသုံးချ နိုင်ခဲ့ခြင်း မရှိတာကြောင့် ပွဲကို ဦးမဆောင်နိုင် ဖြစ်ခဲ့ပါတယ် ။ အန်ကီးတီးယားရဲ့ကန်ချက်တစ်ကြိမ် က ဂိုးတိုင် ထိခဲ့သလို နောက်တစ်ကြိမ် ဂိုးသမားကို ကျော်သွင်းတာကလည်း ဂိုးဘားပေါ် ကျော်ထွက် သွားခဲ့ရတာပါ ။ ဒါပေမဲ့ အန်ကီးတီးယား ဟာ ဒုတိယပိုင်းမှာ သူ့ရဲ့ ပါးနပ်မှုကနေ အာဆင်နယ် အသင်း ပင်နယ်တီ ရရှိအောင် စွမ်းဆောင် ပေးသွားခဲ့ပါတယ် ။

myan789

အန်ကီးတီးယား ကြောင့် ရရှိတဲ့ ပင်နယ်တီ ကို ကန်နေကြ ဆာကာ ကန်လိမ့်မယ်လို့ အားလုံးက ထင်မှတ် ထားကြပေမယ့် ကပ္ပတိန် အော်ဒီဂတ် က ကန်သွင်းယူ သွားခဲ့ပါတယ် ။ ဆာကာ ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ဝက်စ်ဟမ်း အသင်း နဲ့ ပွဲမှာ ပင်နယ်တီ လွဲချော် ခဲ့သလို ရာသီကြို ဘာစီလိုနာ နဲ့ ခြေစမ်းပွဲမှာလည်း ပင်နယ်တီ လွဲချော်ထားခဲ့ဖူးတာ ဖြစ်ပါတယ် ။

ပွဲအပြီးမှာတော့ အော်ဒီဂတ် က ပင်နယ်တီ ကန်သွင်းသူ ဖြစ်သွားပြီလား လို့ သတင်းထောက်တွေက မေးမြန်း ခဲ့ကြပြီး အာတီတာ က ပင်နယ်တီ ဘယ်သူ ကန်သွင်း ရမလဲ ဆိုတာကို ကစားသမားတွေကိုပဲ ရွေးချယ် ဆုံးဖြတ် ခိုင်းထားကြောင်း ပြန်လည် ဖြေကြား သွားခဲ့ပါတယ် ။

” ကျနော့် မှာ ဘာသဲလွန်စမှ မရှိပါဘူး ၊ ဒါကကစားသမားတွေရဲ့ ခေါင်းဆောင်မှု အရည်အသွေးနဲ့ ဆိုင်ပါတယ် ၊ သူတို့ ကိုယ်တိုင် က ဒါဟာ မှန်ကန် သင့်တော်တယ် ထင်လို့ လုပ်ဆောင်တာ ဆိုရင် ကျနော့် အတွက် အဆင်ပြေပါတယ် ။ ”

” သူတို့ အနေနဲ့ ကွင်းထဲမှာ ဒီလိုမျိုး ဆုံးဖြတ်ချက်တွေ ချရမှာပါပဲ ။ ကျနော် ကိုယ်တိုင်လည်း အော်ဒီဂတ် ပင်နယ်တီ ကန်သွင်းတာကို တခြားသူတွေလိုပဲ အံ့အား သင့်ခဲ့ရပါတယ် ၊ ဒါပေမဲ့ သူ ပင်နယ်တီ ကို ဝင်အောင် ကန်သွင်း နိုင်ခဲ့ပြီး ကျနော်တို့ ပွဲကို အနိုင် ရရှိ ခဲ့ပါတယ် ၊ ဒါက အရေးအကြီးဆုံး အရာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular