spot_img

လာလီဂါ ပွဲစဉ်-၃၀ ပွဲကြိုသုံးသပ်ချက်

ဗီလာရီးယဲလ် – အိုဆာဆူနာ (မြန်မာစံတော်ချိန် ဧပြီလ ၁၁ ရက် ညနေ ၆း၃၀ နာရီ)
ဒဏ်ရာရသူတွေ ပြန်ကောင်းလာတာနဲ့အမျှ ဗီလာရီးယဲလ် ကစားပုံလည်း ပြန်တက်လာတာတွေ့ရတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းပြန်တိုးတက်လာသလို မော်ရီနိုရဲ့သွင်းဂိုးတွေကိုလည်း ပြန်မြင်လာရတာက ဗီလာရီးယဲလ်အတွက် တစ်အားပါပဲ။ အိုဆာ ဆူနာကစားပုံ၊ ကစားအားမဆိုးလှပေမဲ့ တိုက်စစ်က ဂိုးသွင်းနှုန်းပုံမှန်မရှိတာက အားနည်းမှုလိုဖြစ်နေတဲ့အပြင် ဗီလာရီးယဲလ်လို ဂိုးမပေးရရေး အရင်ဦးစားပေးကစားတတ်တဲ့အသင်းမျိုးကို ရင်ဆိုင်ရာမှာ အိုဆာဆူနာဘက်က အဓိကခက်ခဲမှုလို ဖြစ်သွားနိုင်တယ်။ ဗီလာရီးယဲလ်နဲ့ ဂိုးအနည်းပဲ ရွေးထားချင်တယ်။

ဗလင်စီယာ – ဆိုစီဒက် (မြန်မာစံတော်ချိန် ဧပြီလ ၁၁ ရက် ည ၈း၄၅ နာရီ)
အိမ်ကွင်းမှာတော့ ဗလင်စီယာ အမှတ်ရအောင်ပြန်ရှာနေတယ်။ ဒါပေမဲ့ ခံစစ်သိပ်မငြိမ်သေးတာရယ်၊ တိုက်စစ်ကဂိုးရနှုန်း ပုံမှန်မရှိတတ်တာရယ်က ခြေစွမ်းပိုငြိမ်တဲ့ ဆိုစီဒက်လိုအသင်းဆီက အမှတ်ပြည့်ရအောင်ယူနိုင်ပါ့မလားဆိုတာတော့ စဉ်းစားစရာပါပဲ။ ဆိုစီဒက်ကလည်း ဒီပွဲမတိုင်မီ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအဖြစ် ဘီလ်ဘာအိုနဲ့ အကြိတ်အနယ်နွှဲထားရတာမျိုး ရှိနေတာကတော့ ဗလင်စီယာအတွက် အခွင့်အရေးလို့ ပြောနိုင်မယ်ထင်တယ်။ ဒါပေမဲ့ ဆုဖလားရထားလို့ ဆိုစီဒက်စိတ်ဓာတ် တက်နေနိုင်တယ်။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

myan789

ဗယ်လာဒိုလစ် – ဂရန်နာဒါ (မြန်မာစံတော်ချိန် ဧပြီလ ၁၁ ရက် ည ၁၁း၃၀ နာရီ)
ဂရန်နာဒါအတွက် မန်ယူနဲ့ကစားနေရတဲ့ ယူရိုပါလိဂ်ဘက်ကို အာရုံများနေလိမ့်မယ်။ လတ်တလော ဂရန်နာဒါကစားပုံကလည်း လာလီဂါဘက်မှာ အနည်းငယ်လျော့လာသလိုပဲ။ ဒီအတွက် တန်းဆင်းအန္တရာယ်နဲ့ လွတ်ရာရုန်းမယ့် ဗယ်လာဒိုလစ်နဲ့ ဂိုးအနည်းကိုပဲ ရွေးထားလိုက်တယ်။

ဘက်တစ် – အက်သလက်တီကို (မြန်မာစံတော်ချိန် ဧပြီလ ၁၂ ရက် နံနက် ၁း၃၀ နာရီ)
အက်သလက်တီကိုကတော့ ဖိအားအတော်လေးများနေပါပြီ။ ပြီးခဲ့တဲ့ ဆီဗီလာကိုရှုံးခဲ့တဲ့ပွဲမှာလည်း အသင်းက ဖိအားအောက်ရောက်နေပုံပေါ်နေပြီး ကစားပုံမကောင်းခဲ့ဘူး။ ဒီလိုခြေစွမ်းမျိုးနဲ့ဆိုရင် ဘက်တစ်ကိုလည်း ခက်ခက်ခဲခဲရင်ဆိုင်ရဦးမှာ သေချာတယ်။ ထိပ်တိုက်တွေ့ဆုံမှုအစဉ်အလာတွေအရ ဘက်တစ်ကို အသာရတာများလေ့ရှိပေမဲ့ လက်ရှိခြေစွမ်းနဲ့ဆိုရင် အက်သလက်တီကို ရုန်းကန်ရဦးမှာသေချာတယ်။ ဘက်တစ်ကလည်း ပုံမှန်ခြေစွမ်းမျိုးရနေတဲ့အပြင် အိမ်ကွင်းဆို ပိုပြီးတည်ငြိမ်တဲ့ကစားပုံမျိုးနဲ့ကစားပြတယ်။ အက်သလက်တီကိုကတော့ လက်ရှိမှာ တိုက်စစ်အား သိသိသာသာကျနေပြီး ပြိုင်ပွဲစုံနောက်ဆုံး (၄)ပွဲမှာ (၁)ဂိုးသာသွင်းထားနိုင်တဲ့ပုံမျိုးနဲ့တော့ ဘက်တစ်ရဲ့ခံစစ်ကိုဖိအားပေးဖို့ တော်ရုံအားထုတ်မှုနဲ့မရမှာ သေချာတယ်။ ဒါ့အပြင် ဘက်တစ်ရဲ့အိမ်ကွင်းမှာ ဂိုးရအောင်ကစားနိုင်တဲ့ တိုက်စစ်ပိုင်းကိုလည်း အက်သလက်တီကိုခံစစ် ခက်ခက်ခဲခဲထိန်းချုပ်ရဖို့ရှိနေတယ်။ ဘက်တစ်နဲ့ ဂိုးအနည်းပဲ ရွေးထားတာကောင်းမယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular