လက်ချီ -အတ္တလန်တာ (ကြာသပတေးနံနက် ၀၀း၀၀ နာရီ)
လက်ချီက နိုင်ပွဲပျောက်ဆုံးနေပေမဲ့ အသင်းကောင်းတွေ နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ခံစစ်ကစားပုံလည်း ကျစ်လျစ်ပါတယ်။ အတ္တလန်တာကလည်း အဝေးကွင်းရလဒ်ကောင်းပြီး (၆)ပွဲမှာ (၅)ပွဲအထိ Clean Sheet နိုင်ပွဲတွေရခဲ့တယ်။ ဒါပေမဲ့ ရုန်းကန် လာမယ့် လက်ချီကြောင့် သရေကျဖို့များတဲ့ ပွဲမျိုးပါပဲ။
ဆာဆူအိုလို – ရိုးမား (ကြာသပတေးနံနက် ၀၀း၀၀ နာရီ)
ဆာဆူအိုလိုက စီးရီးအေနောက်ဆုံး (၂)ပွဲဆက် ရဂိုးမဲ့ ရှုံးပွဲတွေ့ခဲ့ပြီး ခံစစ်ကလည်း အားနည်းချက်တွေရှိတယ်။ မော်ရင်ဟိုရဲ့ ရိုးမားက တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ် ရောက်လာတဲ့အသင်းဖြစ်ပြီး အနိုင်ရသင့်တဲ့ပွဲတွေဆို အမှားမရှိအောင် ကစားလာနိုင် တယ်။ အဝေးကွင်းဖြစ်လို့ ရိုးမားအသင်း ကပ်နိုင်ဖို့များပြီး (၂)သင်းပေါင်းသွင်းဂိုး နည်းနိုင် ပါတယ်။
တိုရီနို – ဆမ်ဒိုးရီးယား (ကြာသပတေးနံနက် ၂း၁၅ နာရီ)
လက်ရှိခြေစွမ်းအရ တိုရီနိုက ဆမ်ဒိုးရီးယားထက် အများ ကြီးပိုကောင်းပါတယ်။ ဆမ်ဒိုးရီးယားက စီးရီးအေအဝေးကွင်း ပွဲတွေမှာ (၄)ပွဲအထိ ရှုံးထားပြီး ရှုံးတဲ့ပွဲတိုင်း (၂)ဂိုးနဲ့အထက်ပေး ခဲ့ရတယ်။ တိုရီနို အနိုင်သေချာပါတယ်။
ဖီအိုရင်တီးနား – ဆလာနီတာနာ (ကြာသပတေးနံနက် ၂း၁၅ နာရီ)
ဖီအိုရင်တီးနားက အိမ်ကွင်းနောက်ဆုံး (၃)ပွဲဆက် ဆလာ နီတာနာကို အနိုင်ကစားထားတယ်။ ဆလာနီတာနာက အသင်း ကောင်းတစ်သင်းဖြစ်ပေမဲ့ ဖီအိုရင်တီးနားကိုပဲ ရွေးချယ်ချင်ပါ တယ်။ (၂)သင်းပေါင်းသွင်းဂိုး များနိုင်တယ်။
အင်တာမီလန် – ဘိုလော့ဂ်နာ (ကြာသပတေးနံနက် ၂း၁၅ နာရီ)
ဘိုလော့ဂ်နာက စီးရီးအေနောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲ ဆက်နေပြီး ကစားဟန်ကလည်း မာကျောပါတယ်။ ဝါရင့်တိုက် စစ်မှူး အာနော်တိုဗစ် ပုံစံကောင်းပြနေတာကြောင့် အင်တာမီလန် အသင်းအနေနဲ့ ပေါ့ဆလို့ မရတဲ့အနေအထားလို့လည်း ဆိုနိုင် ပါတယ်။ အင်တာမီလန်ကလည်း ရိုးမားနဲ့ပွဲကလွဲလို့ စီးရီးအေအိမ် ကွင်းပွဲတွေအားလုံး အနိုင်ရထားတယ်။ ဆန်စီရိုမှာ ကစားရမှာဖြစ် လို့ အင်တာမီလန် အနိုင်ကစားမှာပါ။ ဂိုးပြတ်ဖို့တော့ ခက်မယ်။