spot_img

၂၀၂၂ ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲဝင်အသင်းများမိတ်ဆက်

အုပ်စု (C)

အာဂျင်တီးနား

myan789

သမိုင်းကြောင်း

အာဂျင်တီးနားအသင်းက ကမ္ဘာ့ဖလားချန်ပီယံဆုကို (၂) ကြိမ် ဆွတ်ခူးရရှိဖူးပြီး ဗိုလ်စွဲသည့် (၂)ကြိမ်စလုံးတွင် အသင်း ကို ပခုံးထမ်းတင်ပေးခဲ့သည့် အထင်ကရသူရဲကောင်းတစ်ဦးစီ ပေါ်ထွက်ခဲ့သည်။ အိမ်ရှင်အဖြစ် ကျင်းပသည့် ၁၉၇၈ ပြိုင်ပွဲတွင် မာရီယိုကမ်းပတ်စ်၊ မက္ကဆီကို၌ ပြုလုပ်သည့် ၁၉၈၆ ပြိုင်ပွဲတွင် မာရာဒိုနာတို့က အာဂျင်တီးနားအသင်း၏ ချန်ပီယံခရီးလမ်းကို အကောင်းဆုံးထုဆစ်ပေးခဲ့သူများဖြစ်သည်။ ယင်းနောက်ပိုင်းတွင် အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားချန်ပီယံဆုနှင့် ဝေးကွာခဲ့သည်မှာ ဆယ်စုနှစ်သုံးခုခွဲကျော် ကြာမြင့်လာခဲ့သည်။ အဆို ပါနှစ်များအတွင်း ၁၉၉၀ နှင့် ၂၀၁၄ ပြိုင်ပွဲများတွင် ဒုတိယနေရာရရှိခဲ့ပြီး အာရှ$ကျင်းပသည့် ၂၀၂၂ ပြိုင်ပွဲတစ်ကြိမ်သာ အုပ်စုအဆင့် မကျော်နိုင်ခဲ့ဘဲ ကျန်ပြိုင်ပွဲတိုင်းတွင် အနိမ့်ဆုံး(၁၆) သင်းအဆင့် တက်ရောက်ခဲ့သည်။

လက်ရှိအခြေအနေ

နည်းပြ စကာလိုနီ၏အသင်းက အထူးတလည် ချီးကျူးစရာမလိုတော့သည့် အနေအထားတစ်ခုသို့ ရောက်ရှိနေသည်။  ဆယ်စုနှစ်သုံးခုနီးပါး ဝေးကွာခဲ့သည့် ဒေသတွင်း ကိုပါအမေရိက ချန်ပီယံဆုကိုလည်း သူ၏လက်ထက်တွင် ပြန်လည်ရယူပေးထားသည်။ ယင်းထက်ပိုသည်က အာဂျင်တီးနား၏ အသင်းလိုက် ယုံကြည်မှုက အခြားပြိုင်ဘက်အသင်းကြီးများနှင့် ယှဉ်လျှင်နှာတစ်ဖျားသာသည်ဟု ယူဆနိုင်သည်။ စကာလိုနီ၏အသင်းက နေရာအလိုက်တွင် အတည်ငြိမ်ဆုံးအခြေအနေသို့ ရောက်ရှိနေသည်။ အကောင်းဆုံးမဟုတ်လျှင်တောင်မှ သူ့နေရာနှင့်သူ ထိပ်တန်းအဆင့်ဟု သတ်မှတ်လို့ရသည်။ တစ်ချိန်က နာမည် ကြီးကစားသမားများနှင့် အဖျားရှူးခဲ့သည့် အာဂျင်တီးနားတိုက်စစ်ပိုင်းက အတော်လေးဟန်ချက်ငြိမ်လာသည်ကိုလည်း တွေ့ ရသည်။

အုပ်စုအလားအလာ

အုပ်စုအနေအထားအရ အာဂျင်တီးနားအသင်းအတွက် အခက်အခဲသိပ်မရှိသလို၊ အဖွင့်ပွဲတွင်လည်း ဆော်ဒီအာရေဗျလိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမှာကြောင့် တာထွက်ကောင်းရန် သေချာသလောက်ရှိနေခဲ့သည်။ အာဂျင်တီးနားအသင်း၏ အုပ်စုပွဲစဉ်တွေထက် နိုင်ငံတကာပွဲ ရှုံးပွဲမရှိစံချိန်ဖြစ်ပြီး ယခု (၃၅)ပွဲ အထိရှိနေပြီဖြစ်သည့် ယင်းရလဒ်ပိုင်းက အီတလီအသင်း တင်ရှိထားသည့် ကမ္ဘာ့စံချိန် (၃၇)ပွဲကို အုပ်စုအဆင့်မှာပင် ကျော်ဖြတ်သွားရန်လည်း မခက်ခဲလွန်းလှပေ။ ယင်းတွန်းအားကြောင့်လည်း အာဂျင်တီးနားအနေဖြင့် အုပ်စုတွင်းတွင် ပိုမိုဖိဖိစီးစီး ကစားနိုင်ပြီး အမှားအယွင်းဖြစ်ရန်လည်း ရာခိုင်နှုန်းအားဖြင့် အတော်နည်းပါးလှသည်။ အုပ်စု(C)တွင် အာဂျင်တီးနားအသင်း၏အုပ်စု ပထမနေရာကို အခြားပြိုင်ဘက်အသင်းတွေ ဖျက်မြင်းလုပ်နိုင်စွမ်း နည်းပါးလှသည်။

ကမ္ဘာ့ဖလားသမိုင်း

– ယှဉ်ပြိုင်ခဲ့သည့်အကြိမ် – (၁၈) ကြိမ်

– ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား ရပ်တည်မှု – ရှုံးထွက် (၁၆)သင်းအဆင့်

– ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အမြင့်ဆုံးအောင်မြင်မှု – ချန်ပီယံ (၁၉၇၈၊ ၁၉၈၆)

– ကမ္ဘာ့ဖလားပြိုင်ပွဲမှတ်တမ်း – (၈၁) ပွဲကစား၊ (၄၇) ပွဲနိုင်၊ (၁၀) ပွဲသရေ၊ (၂၄) ပွဲရှုံး

ကမ္ဘာ့အဆင့်

အဆင့် – (၃)၊ ရမှတ် – ၁၇၇၃

လက်ရှိပွဲအများဆုံးကစားထားသည့်ကစားသမား

မက်ဆီ – (၁၆၄) ပွဲ

လက်ရှိသွင်းဂိုးအများဆုံး ကစားသမား

မက်ဆီ – (၉၀) ဂိုး

ပိုလန်

ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် ပိုလန်အသင်းက ၁၉၇၄၊ ၁၉၈၂ ပြိုင်ပွဲများ၌ တတိယ(၂)ကြိမ် ရယူဖူးသည်အထိ အောင်မြင်သည့်သာဓကများရှိခဲ့သည်။ ယင်းနောက်ပိုင်းတွင် ပိုလန်ဘောလုံးက မှေးမှိန်သွားခဲ့သည်။ နောက်ဆုံးပြီးစီးခဲ့သည့် ကမ္ဘာ့ဖလား(၈)ကြိမ်တွင် (၃)ကြိမ်သာ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး (၃) ကြိမ်စလုံးမှာ အုပ်စုအဆင့်နှင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။  ယခုတစ်ကြိမ်တွင်မူ ပိုလန်အသင်းအနေဖြင့် အုပ်စုအဆင့်ထက်သာလွန်သည့် အခြေအနေတစ်ရပ်ကို မျှော်လင့်လို့ရလာသည်။ လီဝန်ဒေါစကီးဦးဆောင်လာမည့် ပိုလန်အသင်းက ၂၀၁၉ ကမ္ဘာ့ဖလားပြိုင်ပွဲထက် ပိုမိုအင်အားတောင့်တင်းသည့် လူစာ ရင်းကိုလည်း ပိုင်ဆိုင်ထားသည်။ အထူးသဖြင့် အသင်းက သွေး သစ်လောင်းရမည့်အချိန်တွင် ထိပ်တန်းခြေစွမ်းရှိသည့် လူငယ် ကစားသမားအချို့ကို ပိုင်ဆိုင်လာခြင်းကလည်း ပိုလန်၏အ လားကောင်းများကို မြင်တွေ့နိုင်သည်။ ပိုလန်အနေဖြင့် အုပ်စုဒုတိယနေရာကို မက္ကဆီကိုနှင့် လုရမည်ဖြစ်သော်လည်း ရနိုင်ခြေပိုများပါသည်။

ကမ္ဘာ့ဖလားသမိုင်း

– ယှဉ်ပြိုင်ခဲ့သည့်အကြိမ် – (၉) ကြိမ်

– ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား ရပ်တည်မှု – အုပ်စု

– ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အမြင့်ဆုံးအောင်မြင်မှု – တတိယ (၁၉၇၄၊ ၁၉၈၂)

– ကမ္ဘာ့ဖလားပြိုင်ပွဲမှတ်တမ်း – (၃၄) ပွဲကစား၊ (၁၆) ပွဲနိုင်၊ (၅) ပွဲသရေ၊ (၁၃) ပွဲရှုံး

ကမ္ဘာ့အဆင့်

အဆင့် – (၂၆)၊ ရမှတ် – ၁၅၄၈

လက်ရှိပွဲအများဆုံးကစားထားသည့်ကစားသမား

လီဝန်ဒေါစကီး – (၁၃၄) ပွဲ

လက်ရှိသွင်းဂိုးအများဆုံး ကစားသမား

လီဝန်ဒေါစကီး – (၇၆) ဂိုး

မက္ကဆီကို

မက္ကဆီကိုအသင်းသည် ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ပိုင်းကတည်းက ကွန်ကာကပ်ဖ်ဇုန်ကိုယ်စားပြုအဖြစ် အကြိမ်တိုင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားသည့်အသင်းဖြစ်သည်။ ပြိုင်ပွဲသမိုင်းတွင် မက္ကဆီကိုအသင်း၏ အမြင့်ဆုံးအောင်မြင်မှုက ကွာတားဖိုင်နယ်အဆင့်သို့ (၂)ကြိမ်တက်ရောက်နိုင်မှုသာ ရှိခဲ့သည်။ ထူးခြားသည်မှာ မက္ကဆီကိုအနေဖြင့် ပြီးခဲ့သည့်(၇)ကြိမ်ဆက် အုပ်စုအဆင့် ကျော်လွန်ခဲ့သော်လည်း (၁၆)သင်းအဆင့်တွင်သာ ရပ်တန့်ခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာနည်းပြဟောင်း မာတီနိုကိုင်တွယ်နေသည့်အသင်းက လျော့တိလျော့ရဲအနေ အထားဖြစ်နေသည်။ အသင်းလူစာရင်းတွင် ထင်ရှားသည့်ကစားသမား နည်းပါးလာခြင်းကလည်း မက္ကဆီကို၏လက်ရှိအခြေအနေကို မှန်းဆလို့ရသည်။ အစဉ်အလာအရ မက္ကဆီကိုအနေဖြင့် အုပ်စုတက်ရန် မျှော်လင့်ချက်များရှိနေသော်လည်း အတော်လေး ရုန်းကန်ရမည့်အနေအထားဖြစ်သည်။

ကမ္ဘာ့ဖလားသမိုင်း

– ယှဉ်ပြိုင်ခဲ့သည့်အကြိမ် – (၁၇) ကြိမ်

– ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား ရပ်တည်မှု – ရှုံးထွက် (၁၆)သင်းအဆင့်

– ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အမြင့်ဆုံးအောင်မြင်မှု – ကွာတားဖိုင်နယ် (၁၉၇၀၊ ၁၉၈၆)

– ကမ္ဘာ့ဖလားပြိုင်ပွဲမှတ်တမ်း – (၅၇) ပွဲကစား၊ (၁၆) ပွဲနိုင်၊ (၁၄) ပွဲသရေ၊ (၂၇) ပွဲရှုံး

ကမ္ဘာ့အဆင့်

အဆင့် – (၁၃)၊ ရမှတ် – ၁၆၄၄

လက်ရှိပွဲအများဆုံးကစားထားသည့်ကစားသမား

ဂွါဒါဒို – (၁၇၇) ပွဲ

လက်ရှိသွင်းဂိုးအများဆုံး ကစားသမား

ဟီမင်နက်ဇ် – (၂၉) ဂိုး

ဆော်ဒီအာရေဗျ

ဆော်ဒီအာရေဗျအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲကို (၆)ကြိမ်မြောက်အဖြစ် ခြေစစ်ပွဲအောင်လာခြင်းဖြစ်သည်။ ပထမဆုံးအကြိမ်ယှဉ်ပြိုင်သည့် ၁၉၉၄ ကမ္ဘာ့ဖလားတွင် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း ယင်းနောက်ပိုင်း (၄)ကြိမ်တွင် အုပ်စုအဆင့် နောက်ဆုံးနေရာနှင့်သာ လှည့်ပြန်ခဲ့ရသည်။ ဆော်ဒီအာရေဗျက ပြည်တွင်းအခြေစိုက် ကစားသမားများဖြင့်သာ ဖွဲ့စည်းထားပြီး အသင်းလိုက်စုစည်းမှုရှိခြင်းက အဓိကအားသာချက်ဖြစ်သည်။ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်တွင် ဂျပန်၊ သြစတြေးလျအသင်းများကို ကျော်ဖြတ်ကာ အုပ်စုပထမနေရာဖြင့် ခြေစစ်ပွဲအောင်မြင်လာခြင်းကိုမူ အသိအမှတ်ပြုရပေမည်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာလကြာရှည် ပြင်ဆင်မှုများ ပြုလုပ်နေသော်လည်း ဆော်ဒီအာရေဗျအတွက် အုပ်စုတွင်းအခြေအနေအရ နိုင်ပွဲတစ်ပွဲ၊ ရမှတ် တစ်မှတ်ရလျှင်ပင် ကျေနပ်သင့်စရာပင် ဖြစ်သည်။

ကမ္ဘာ့ဖလားသမိုင်း

– ယှဉ်ပြိုင်ခဲ့သည့်အကြိမ် – (၆)ကြိမ်

– ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား ရပ်တည်မှု – အုပ်စု

– ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အမြင့်ဆုံးအောင်မြင်မှု

– ရှုံးထွက် (၁၆)သင်းအဆင့်(၁၉၉၄)

– ကမ္ဘာ့ဖလားပြိုင်ပွဲမှတ်တမ်း – (၁၆) ပွဲကစား၊ (၃) ပွဲနိုင်၊ (၂) ပွဲသရေ၊ (၁၁) ပွဲရှုံး

ကမ္ဘာ့အဆင့်

အဆင့် – (၅၁)၊ ရမှတ် – ၁၄၃၇

လက်ရှိပွဲအများဆုံးကစားထားသည့်ကစားသမား

အယ်လ်မူဝဲလက်ဒ် – (၇၃) ပွဲ

လက်ရှိသွင်းဂိုးအများဆုံး ကစားသမား

အယ်လ်မူဝဲလက်ဒ် – (၁၇) ဂိုး

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular